လဝန္းေလးနဲ့ သူမနာမည္ကို အလြဲသံုးစားလုပ္ျပီး လိမ္လည္တာကို အျပင္းအထန္ ရႈံခ်ပါတယ္ဆိုတဲ့ သက္မြန္ျမင့္

မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကေတာ့ အနုပညာလုပ္ငန္းေတြမွာ ေအာင္ျမငမႈရရိွေနသလို သာယာေပ်ာ္ရႊင္တဲ့ မိသားစုေလးကို တည္ေထာင္ထားတဲ့ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္ ျဖစ္ပါတယ္။ သက္မြန္ျမင့္က ေအးခ်မ္းစြာ ေနတတ္သူတစ္ေယာက္ျဖစ္ေပမယ့္ ဒီတစ္ေခါက္မွာေတာ့ သူမဲ့ သမီးရဲ့ သမီး လဝန္းေမရဲ့ နာမည္ကို အလြဲသံုးစားလုပ္ျပီး လိမ္လည္ေနတာေၾကာင့္ စိတ္ရႈပ္ေနရတာပဲ ျဖစ္ပါတယ္။

 

 

သက္မြန္ျမင့္က လဝန္းရဲ့ ေမြးေန့အထိမ္းအမွတ္အျဖစ္ တစ္ေယာက္ကို (၁)သိန္းနဲ့ အေယာက္တစ္သိန္း မဲေဖာက္ေပးမယ္ဆိုတဲ့ သတင္းအမွားေၾကာင့္ “ဒီ ေပ့ခ်္ေတြနဲ႔ ပို႔စ္ေတြက ကြၽန္မ သက္မြန္​ျမင့္မဟုတ္ပါဘူး။ ကြၽန္မနဲ႔ မဆိုင္ပါဘူးရွင္။ ျပည္သူမ်ား report ထုေပးႏိုင္ၾကပါတယ္။ သူမ်ား နာမည္ကို သုံးၿပီး လုပ္စားတာကို ရႈံ႕ခ်ပါတယ္။ သမီးကိုပါ ဆြဲထည့္ေသးတာေနာ္။” ဆိုျပီး စိတ္ဆိုးစြာနဲ့ ေျပာထားတာကို ေတြ့ရပါတယ္။

 

 

သက္မြန္ျမင့္ကေတာ့ ပရိသတ္ေတြ အထင္အျမင္မွားရေအာင္ သူမတို့ နာမည္ကို အလြဲသံုးစားလုပ္ျပီး လိမ္လည္တာေတြကို ရံႈ့ခ်တယ္လို့ ေျပာထားတာပဲ ျဖစ္ပါတယ္။ Cele Connections ပရိသတ္ၾကီးလည္း သတင္းအမွားေတြကို ခ်င့္ခ်ိန္ျပီးမွ ယံုၾကပါေနာ္။

 

 

Source: Thet Mon Myint’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လဝန်းလေးနဲ့ သူမနာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်လည်တာကို အပြင်းအထန် ရှုံချပါတယ်ဆိုတဲ့ သက်မွန်မြင့်

မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာလုပ်ငန်းတွေမှာ အောင်မြငမှုရရှိနေသလို သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ထောင်ထားတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်ပါတယ်။ သက်မွန်မြင့်က အေးချမ်းစွာ နေတတ်သူတစ်ယောက်ဖြစ်ပေမယ့် ဒီတစ်ခေါက်မှာတော့ သူမဲ့ သမီးရဲ့ သမီး လဝန်းမေရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်လည်နေတာကြောင့် စိတ်ရှုပ်နေရတာပဲ ဖြစ်ပါတယ်။

သက်မွန်မြင့်က လဝန်းရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်ယောက်ကို (၁)သိန်းနဲ့ အယောက်တစ်သိန်း မဲဖောက်ပေးမယ်ဆိုတဲ့ သတင်းအမှားကြောင့် “ဒီ ပေ့ချ်တွေနဲ့ ပို့စ်တွေက ကျွန်မ သက်မွန်မြင့်မဟုတ်ပါဘူး။ ကျွန်မနဲ့ မဆိုင်ပါဘူးရှင်။ ပြည်သူများ report ထုပေးနိုင်ကြပါတယ်။ သူများ နာမည်ကို သုံးပြီး လုပ်စားတာကို ရှုံ့ချပါတယ်။ သမီးကိုပါ ဆွဲထည့်သေးတာနော်။” ဆိုပြီး စိတ်ဆိုးစွာနဲ့ ပြောထားတာကို တွေ့ရပါတယ်။

သက်မွန်မြင့်ကတော့ ပရိသတ်တွေ အထင်အမြင်မှားရအောင် သူမတို့ နာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်လည်တာတွေကို ရှုံ့ချတယ်လို့ ပြောထားတာပဲ ဖြစ်ပါတယ်။ Cele Connections ပရိသတ်ကြီးလည်း သတင်းအမှားတွေကို ချင့်ချိန်ပြီးမှ ယုံကြပါနော်။

Source: Thet Mon Myint’s fb
Bilie – Cele Connections

error: Alert: Content is protected !!