ယူနီကုဒ်ဖြင့် ဖတ်ရန်
“ရိုက်ကွင်းနောက်ကွယ်မှာ မုန့်လုံးရေပေါ်တွေ လုံးကာ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရဗီဒီယိုဖိုင်လေးကို တင်လာတဲ့ ခြူးလေး”
ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး ခြူးလေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ခြူးလေးဟာ ဇာတ်ရုပ်အတိုင်း ပီပြင်အောင် သရုပ်ဆောင်ကာ ကာရိုက်တာအရ ပရိသတ်တွေရဲ့ ချစ်ခြင်း မုန်းခြင်းတွေကို ရရှိနေသူပဲဖြစ်ပါတယ်။ ခြူးလေးကတော့ အမိုက်စား Tik Tok ဗီဒီယိုလေးတွေကိုလည်း ဆော့ကာ သူမရဲ့ ပရိတသတ်တွေအတွက် မျှဝေတင်ပေးလေ့ရှိသူပါ.။
အမြဲတမ်း ပျော်ရွှင်တက်ကြွစွာ နေတတ်ပြီး ပရဟိတလုပ်ငန်းတွေမှာလည်း သူမတတ်နိုင်သလောက် ကူညီမှုတွေကို ပြုလုပ်နေတဲ့သူပဲဖြစ်ပါတယ်.။ ဒီနေ့ ဧပြီလ (၂၇)ရက်နေ့မှာတော့ ခြူးလေးက ရိုက်ကူးရေးတွေ လုပ်နေရတဲ့ အချိန်လေးတွေကို လွမ်းနေမိတဲ့ အကြောင်းလေးကို “Shooting မှာ သိပ်မပျော် ရှာဘူး…..။ Shooting ကို ပြန်လွမ်းနေပါသည်..။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ရိုက်ကူးရေးလေးမှာ ပျော်ပျော်ရွှင်ရွှင် ရွာသားတွေနဲ့ မုန့်လုံးရေပေါ်တွေလုံးကာ ပျော်ရွှင်ခဲ့တဲ့ အမှတ်ကရဗီဒီယိုဖိုင်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ခြူးလေးရဲ့ ရိုက်ကွင်းနောက်ကွယ်မှာ လိုက်စနောက်ရင်း ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်.။
Source: Chue Lay’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!