“ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အလုပ်ရှုပ်နေကြတဲ့ ချစ်သူနဲ့ သမီးလေး ရွှန်းရွှန်းကို ချစ်မဝဖြစ်နေတဲ့ ခိုင်နှင်းဝေ”

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး ခိုင်နှင်းဝေကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ခိုင်နှင်းဝေကတော့ အမြဲတမ်း အများအကျိုးအတွက် လုပ်ဆောင်ကာ သူမရဲ့ သားသမီး အယောက်(၃၀)အတွက်ကိုလည်း အကောင်းဆုံးတွေကို ဖန်တီးပေးကာ ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်.။ သူမရဲ့ အနုပညာကြေးငွေထဲကရော အလှူရှင်တွေရဲ့ ငွေတွေနဲ့ပါ ကလေးတွေအတွက် အစားအသောက်အနေအထိုင် အားလုံးကို တာဝန်ယူစောင့်ရှောက် ပေးနေတဲ့   သူပါ.။

 

 

 

ခိုင်နှင်းဝေဟာ သူမရဲ့ အချစ်ရေးကိုလည်း တရားဝင် ပရိသတ်တွေရှေ့ချပြကာ ချစ်သူနဲ့ အတူတူ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်နော်.။ သမီးလေးရွှန်းရွှန်းနဲ့လည်း တည့်ပြီး အဆင်ပြေကာ သူမလုပ်ချင်တဲ့ ပရဟိတအလုပ်တိုင်းကို အနောက်ကနေ ပံ့ပိုးကူညီပေးတဲ့ ချစ်သူကိုလည်း သိပ်ချစ်ကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ဖူးပါတယ်.။ ဧပြီလ (၂၇)ရက်နေ့မှာတော့ ခိုင်နှင်းဝေက တည့်လိုက် ၊ ရန်ဖြစ်လိုက်လုပ်ကာ ဆော့ကစားနေကြတဲ့ သူမရဲ့ သမီးလေးရွှန်းရွှန်းနဲ့ ချစ်သူတို့နှစ်ယောက်ရဲ့ ပုံရိပ်နဲ့ ဗီဒီယိုဖိုင်လေးတွေကို “တည့်နေတဲ့အချိန်၊ မတည့်တော့ဘူး”ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်..။

 

 

တည့်နေတဲ့အချိန်က ဖုန်းကို အတူတူကြည့်ရင်း ပျော်နေကြပြီး မတည့်တဲ့အချိန် သမီးရွှန်းရွှန်းရဲ့ လည်ပင်းညှစ်တာ ခံနေရတဲ့ ချစ်သူကို ဘေးကကြည့်ကာ ရယ်မောမဆုံးဖြစ်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ခိုင်နှင်းဝေရဲ့ သမီးလေးရွှန်းရွှန်းနဲ့ ချစ်သူတို့ ရန်ဖြစ်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်.။
Source: Khine Hnin Wai’s Facebook

Sakura(Cele Connections)

ယူနီကုဒ်ဖြင့် ဖတ်ရန်

“ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္နဲ႔ အလုပ္ရႈပ္ေနၾကတဲ့ ခ်စ္သူနဲ႔ သမီးေလး ႐ႊန္း႐ႊန္းကို ခ်စ္မဝျဖစ္ေနတဲ့ ခိုင္ႏွင္းေဝ”

က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီး ခိုင္ႏွင္းေဝကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ခိုင္ႏွင္းေဝကေတာ့ အၿမဲတမ္း အမ်ားအက်ိဳးအတြက္ လုပ္ေဆာင္ကာ သူမရဲ႕ သားသမီး အေယာက္(၃၀)အတြက္ကိုလည္း အေကာင္းဆုံးေတြကို ဖန္တီးေပးကာ ျပဳစုေစာင့္ေရွာက္ေပးေနတာပဲျဖစ္ပါတယ္.။ သူမရဲ႕ အႏုပညာေၾကးေငြထဲကေရာ အလႉရွင္ေတြရဲ႕ ေငြေတြနဲ႔ပါ ကေလးေတြအတြက္ အစားအေသာက္အေနအထိုင္ အားလုံးကို တာဝန္ယူေစာင့္ေရွာက္ေပးေနတဲ့ သူပါ.။

ခိုင္ႏွင္းေဝဟာ သူမရဲ႕ အခ်စ္ေရးကိုလည္း တရားဝင္ ပရိသတ္ေတြေရွ႕ခ်ျပကာ ခ်စ္သူနဲ႔ အတူတူ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနၾကတာပဲျဖစ္ပါတယ္ေနာ္.။ သမီးေလး႐ႊန္း႐ႊန္းနဲ႔လည္း တည့္ၿပီး အဆင္ေျပကာ သူမလုပ္ခ်င္တဲ့ ပရဟိတအလုပ္တိုင္းကို အေနာက္ကေန ပံ့ပိုးကူညီေပးတဲ့ ခ်စ္သူကိုလည္း သိပ္ခ်စ္ေၾကာင္းကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ဖူးပါတယ္.။ ဧၿပီလ (၂၇)ရက္ေန႔မွာေတာ့ ခိုင္ႏွင္းေဝက တည့္လိုက္ ၊ ရန္ျဖစ္လိုက္လုပ္ကာ ေဆာ့ကစားေနၾကတဲ့ သူမရဲ႕ သမီးေလး႐ႊန္း႐ႊန္းနဲ႔ ခ်စ္သူတို႔ႏွစ္ေယာက္ရဲ႕ ပုံရိပ္နဲ႔ ဗီဒီယိုဖိုင္ေလးေတြကို “တည့္ေနတဲ့အခ်ိန္၊ မတည့္ေတာ့ဘူး”ဆိုၿပီး သူမရဲ႕ မိုင္ေဒးမွာ တင္လာခဲ့ပါတယ္..။

တည့္ေနတဲ့အခ်ိန္က ဖုန္းကို အတူတူၾကည့္ရင္း ေပ်ာ္ေနၾကၿပီး မတည့္တဲ့အခ်ိန္ သမီး႐ႊန္း႐ႊန္းရဲ႕ လည္ပင္းညႇစ္တာ ခံေနရတဲ့ ခ်စ္သူကို ေဘးကၾကည့္ကာ ရယ္ေမာမဆုံးျဖစ္ေနတဲ့ ပုံပါပဲေနာ္ ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ခိုင္ႏွင္းေဝရဲ႕ သမီးေလး႐ႊန္း႐ႊန္းနဲ႔ ခ်စ္သူတို႔ ရန္ျဖစ္ေနၾကတဲ့ ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝ   ေ ပးလိုက္ပါတယ္ေနာ္.။
Source: Khine Hnin Wai’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!