

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“မိုးတွေရွာကာ မကြာခင်မှာ ပိတောက်ပန်းတွေပန်ရတော့မှာမို့ ပျော်နေတယ်ဆိုတဲ့ သက်မွန်မြင့်”

 

ဆယ့်စုနှစ်ကျော်သက်တမ်းတစ်လျှောက်လုံးမှာ အောင်မြင်မှုရရှိလာတဲ့ အပြုံးချိုချိုလေးနဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ သက်မွန်မြင့်နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သက်မွန်မြင့်ကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် အမျိုးသမီးဇာတ်ဆောင်ဆုနှစ်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမကတော့ ဇာတ်ကားရိုက်ကူးရေးတွေနားတဲ့အချိန်မှာ မိသားစုတွေနဲ့ သာယာတဲ့အချိန်လေးတွေကို ဖြတ်သန်းနေတဲ့ သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။

သက်မွန်မြင့်ကတော့ အိမ်မှာနေရင်း သားတစ်ယောက်သမီးတစ်ယောက်တိုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ သက်မွန်မြင့်က”မနေ့က မိုးမရွာလို့ မပွင့်ရရှာတဲ့ အခါလွန် ပိတောက်ရိုက်ပြီး ဒီနေ့ကျ မိုးတွေ ရွာလို့မကြာခင် ပိတောက်တွေ ထွေးပိုက်ခွင့်ရတော့မယ်” လို့ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပိတောက်တွေနဲ့ ဓာတ်ပုံရိုက်ရတော့မှာ ဖြစ်တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် သက်မွန်မြင့်ရဲ့ ပိတောက်နဲ့ ပတ်သက်တဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သက်မွန်မြင့်လို့ဘဲ ပိတောက်ထွေးပိုက်ခွင့်ရရင် ပျော်မိမယ်လို့ ထင်ပါတယ်။
Soure…. Thet Mon Myint’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!