“မိုးစတင္ရြာလာတာနဲ႕ ေနာက္ျဖစ္လာမယ့္ ေရာဂါကပ္ေဘးအေျခအေနကို ေျပာျပလာတဲ့ ေက်ာ္ေက်ာ္”

ရုပ္ရွင္ သရုပ္ေဆာင္ ေက်ာ္ေက်ာ္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ အျမဲ တမ္းေပ်ာ္ရႊင္စြာ ေနထိုင္တတ္တဲ့ ေက်ာ္ေက်ာ္ကေတာ့ သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ ညီထြဋ္ေခါင္၊ ဆုျမတ္နိုးဦးတို႕နဲ႕အတူ ဟာသေလးေတြ လုပ္ကာ ပရိသတ္ေတြအတြက္ အေပ်ာ္ကူးစက္ေအာင္ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ေလ့ရွိသူပါ.။ အလွဴအတန္းေတြကိုလည္း လုပ္ကိုင္ေလ့ရွိတဲ့ ေက်ာ္ေက်ာ္ကေတာ့ ေပ်ာ္ရႊင္စရာေကာင္းတဲ့ အေၾကာင္းအရာေတြကိုသာ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွ ာ တင္ေလ့ရွိပါတယ္.။

 

 

ဒီေန႕ ဧၿပီလ (၂၇)ရက္ေန႕မွာေတာ့ ေက်ာ္ေက်ာ္က မိုးစရြာလာတဲ့ အခ်ိန္မွာ သူေတြးမိတဲ့ အေၾကာင္းအရာေလးေတြကို “ကၽြန္ေတာ္ ဒီေန႔ေတာ့ စိတ္ဓာတ္တက္ႂကြေစမယ့္ အရာေလးေတြကိုပဲ ေတြးမိေနတယ္ခင္ဗ်ာ…။ ကိုဗစ္ေရာဂါဆိုးႀကီး ေပ်ာက္ဖို႔ဆိုတာကလည္း ၾကာဦးမယ္…။ stay home ကာလကလည္း ဒီပုံဆို ထပ္ေနရဦးမယ္….။ ဒါေပမယ့္ မုန္တိုင္းကလည္း ဝင္လာေနၿပီ…။ မုန္တိုင္းဝင္လာၿပီဆိုေပမယ့္လည္း မီးေတြလည္း ပ်က္ဦးမယ္။ ေရကလည္း ႀကီးဦးမယ္.။ .အဲ့ခါၾကရင္ ေတာင္ေတြကၿပိဳ ၊ လမ္းေတြကပ်က္ ထမင္းေတြလည္း ငတ္ၾကဦးမယ္..။ .

 

 

ဒါေပမယ့္ ေရေဘးသင့္ျပည္သူေတြ တစ္ေနရာတည္းမွာ စုေနၾကတဲ့အခါ က်ေတာ့မွ ငဗစ္အႀကိဳက္ေတြ႕ၿပီပဲ…။ ဒါေတာင္ ဆက္မေတြးလို႔ ဆက္ေတြးရင္ ဒီထက္ပိုၿပီး စိတ္အားတက္ႂကြေစမယ့္ အရာေတြ အမ်ားႀကီးက်န္ေသးတယ္ .။” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ ေက်ာ္ေက်ာ္ကေတာ့ ျဖစ္နိုင္တဲ့ သူ႕ရဲ႕ ထင္ျမင္ခ်က္ေလးေတြကို ေရးသားတင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္.။ Cele Connections ပရိသတ္ႀကီးလည္း ေက်ာ္ေက်ာ္နဲ႕ အေတြးတူတဲ့ သူမ်ားရွိရင္လည္း မွတ္ခ်က္ေလးေတြ ေရးခဲ့ပါဦးေနာ္.။
Source: Kyaw Naing Oo’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“မိုးစတင်ရွာလာတာနဲ့ နောက်ဖြစ်လာမယ့် ရောဂါကပ်ဘေးအခြေအနေကို ပြောပြလာတဲ့ ကျော်ကျော်”

ရုပ်ရှင် သရုပ်ဆောင် ကျော်ကျော်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အမြဲ တမ်းပျော်ရွှင်စွာ နေထိုင်တတ်တဲ့ ကျော်ကျော်ကတော့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့နဲ့အတူ ဟာသလေးတွေ လုပ်ကာ ပရိသတ်တွေအတွက် အပျော်ကူးစက်အောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ အလှူအတန်းတွေကိုလည်း လုပ်ကိုင်လေ့ရှိတဲ့ ကျော်ကျော်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ အကြောင်းအရာတွေကိုသာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်.။

ဒီနေ့ ဧပြီလ (၂၇)ရက်နေ့မှာတော့ ကျော်ကျော်က မိုးစရွာလာတဲ့ အချိန်မှာ သူတွေးမိတဲ့ အကြောင်းအရာလေးတွေကို “ကျွန်တော် ဒီနေ့တော့ စိတ်ဓာတ်တက်ကြွစေမယ့် အရာလေးတွေကိုပဲ တွေးမိနေတယ်ခင်ဗျာ…။ ကိုဗစ်ရောဂါဆိုးကြီး ပျောက်ဖို့ဆိုတာကလည်း ကြာဦးမယ်…။ stay home ကာလကလည်း ဒီပုံဆို ထပ်နေရဦးမယ်….။ ဒါပေမယ့် မုန်တိုင်းကလည်း ဝင်လာနေပြီ…။ မုန်တိုင်းဝင်လာပြီဆိုပေမယ့်လည်း မီးတွေလည်း ပျက်ဦးမယ်။ ရေကလည်း ကြီးဦးမယ်.။ .အဲ့ခါကြရင် တောင်တွေကပြို ၊ လမ်းတွေကပျက် ထမင်းတွေလည်း ငတ်ကြဦးမယ်..။ .

ဒါပေမယ့် ရေဘေးသင့်ပြည်သူတွေ တစ်နေရာတည်းမှာ စုနေကြတဲ့အခါ ကျတော့မှ ငဗစ်အကြိုက်တွေ့ပြီပဲ…။ ဒါတောင် ဆက်မတွေးလို့ ဆက်တွေးရင် ဒီထက်ပိုပြီး စိတ်အားတက်ကြွစေမယ့် အရာတွေ အများကြီးကျန်သေးတယ် .။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ကျော်ကျော်ကတော့ ဖြစ်နိုင်တဲ့ သူ့ရဲ့ ထင်မြင်ချက်လေးတွေကို ရေးသားတင်လာခဲ့တာပဲဖြစ်ပါတယ်နော်.။ Cele Connections ပရိသတ်ကြီးလည်း ကျော်ကျော်နဲ့ အတွေးတူတဲ့ သူများရှိရင်လည်း မှတ်ချက်လေးတွေ  ရေးခဲ့ပါဦးနော်.။
Source: Kyaw Naing Oo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!