

 

 


 

 


 

 

Source: Ye Tun Min’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပရိသတ်တွေ အိပ်ခါနီးနားဆင်ဖို့အတွက် ဂစ်တာလေးတီးပြီး တိုးတိုးတိတ်တိတ်သီချင်းဆိုပြခဲ့တဲ့ ရဲလေး

နိုင်ငံကျော် သရုပ်ဆောင်နှင့် အဆိုတော် ရဲလေးဟာ သီချင်းဆိုကောင်းပြီး သရုပ်ဆောင်တဲ့နေရာမှာပါ ထူးချွန်တာကြောင့် ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ဦးပါ။ အသံကောင်းသလို ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ရဲလေးက မိန်းကလေးပရိသတ်တွေ အတော်များများရဲ့ အားပေးခြင်းကို ခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အဲ့ဒါကြောင့်လည်း ရဲလေးက အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်စွာ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ရဲလေးက သူချစ်တဲ့ ပရိသတ်တွေအတွက် အိပ်ယာဝင်ခါနီး နားဆင်နိုင်ဖို့အတွက် ဂစ်တာလေးတီးကာ သီချင်းလေး သီဆိုပြထားတာကို တွေ့ရပါတယ်။ ရဲလေးက ညသန်းခေါင်မှာ တခြားလူတွေ နိုးကုန်မှာစိုးတဲ့အတွက် တိုးတိုးတိတ်တိတ် သီချင်းလေး ဆိုပြထားတဲ့ ဗီဒီယိုလေးကို Cele Connections ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ရဲလေးက သူ့ရဲ့ သီချင်းတွေထဲက ပရိသတ်အကြိုက်ဆုံးသီချင်းနှစ်ပုဒ်ဖြစ်တဲ့ “မိုး” နဲ့ “အမှတ်တရညနေခင်း” ဆိုတဲ့ သီချင်းလေးကို ဆိုပြထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရဲလေးရဲ့ သီချင်းလေးတွေကို နားဆင်ရင်း ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ကြပါစေနော်။

Source: Ye Tun Min’s fb
Bilie – Cele Connections

error: Alert: Content is protected !!