

 

 


 

 


 

 

Source: Nansu Yati Soe
ယူနီကုတ်ဖြင့်ဖတ်ရန်

“ပထမဆုံး မိုးရွာတာကြောင့် အိမ်ဘေးက ပိတောက်ပင်ကြီး ပိတောက်ပန်းတွေပွင့်တော့မှာကို ကြိုတွေးကာ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ နန်းဆုရတီစိုး”

CeleConnectionsပရိသတ်ကြီးရေ နန်းဆုရတီစိုးဆိုတာနဲ့ အသားအရေဝင်းလက်လှပကာ အရွယ်နဲ့မလိုက်အောင် ဆယ်ကျော်သက်တစ်ယောက်လို နုပျိုလှပနေတဲ့ မင်းသမီးတစ်လက်ဆိုတာ မြင်တွေ့ရမှာ အသေအချာပါပဲနော်။ဆယ်စုနှစ်တစ်ခုအကြာ ထဲအောင်မြင်မှုရရှိလာတဲ့ အဆိုတော် မင်းသမီးတစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူး ။

လက်ရှိမှာလည်း သီချင်းအသစ် Music Video တွေ ဆက်တိုက်ထွက်ရှိကာ သူမရဲ့သီချင်းတွေဟာဆိုရင် ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့Covid 19နဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေအထူးသတိထားဆောင်ရန်ရှောင်ရန်တွေအပြင် အိမ်မှာနေတဲ့ အခါ မငြီးငွေ့အောင်နေလို့ရမယ့်နည်းလမ်းလေးတွေကိုလည်း မျှဝေပေးနေတဲ့ မင်းသမီးချောလေးပါ။

ဒီနေ့မှာတော့ “ပထမဆုံး မိုးရွာတဲ့ နေ့….မနက်ဖြန်ဆို အိမ်ဘေးက ပိတောက်ပင်ကြီးက ပိတောက်ပန်းတွေပွင့်တော့မယ် ရေးးး”ဆိုတဲ့စာလေးနဲ့အတူ မိုးရွာလို့ ကလေးလေးတသ်ယောက်လို ပျော်ရွှင်အေးဆေးနေတဲ့ သူမရဲ့ အလှပုံရိပ်လေးကို ဝေမျှခဲ့တာပါ။ CeleConnectionsပရိသတ်ကြီလည်း နန်းဆုလို မိုးရွာလို့ပျော်ရွှင်နေတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source: Nansu Yati Soe
Candy -CeleConnections

error: Alert: Content is protected !!