

 

 


 

 


 

 

Source: Khin Hlaing’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်ဇနီးစားချင်တဲ့ ဘန်ကောက်စတိုင်လ်အချိုပွဲကို ကိုယ်တိုင်လုပ်ပေးပြီး မိသားစုအတူတူညစာစားခဲ့တဲ့ ခင်လှိုင်

နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားသလို နွေးထွေးကြင်နာဖွယ်ကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မိသားစုကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့ ခင်လှိုင်က သားသမီးနဲ့ ဇနီးဖြစ်သူ လိုလေသေးမရှိအောင်ထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စည်းစည်းလုံးလုံးရှိကြတဲ့ ခင်လှိုင်တို့ မိသားစုလေးကို ချစ်ခင်စွာနဲ့ အားပေးကြပါတယ်။

ဒီနေ့မှာလည်း ခင်လှိုင်က ချစ်ဇနီးစားချင်တဲ့ မုန့်လေးကို ဖန်တီးပေးပြီး မိသားစုညစာစားခဲ့ကြောင်းကို “မိသားစုညစာလေး..မငွေသိမ်းအကြိုက် BKK စတိုင် စိန်တစ်လုံးသရက်သီး အုန်းနို့၊ ကောက်ညှင်းချက် အချိုပွဲလေး ကိုယ်တိုင်လုပ်ကျွေး။ မငွေသိမ်းကတော့ ဆွဲပြီလေ။” ဆိုပြီး မိသားစုပုံရိပ်လေးကို မျှဝေပေးထားပါတယ်။

ခင်လှိုင်ကတော့ ဇနီးလေးစားချင်တယ်ဆိုတာနဲ့ ကိုယ်တိုင်ကိုယ်ချက်လုပ်ပေးပြီး ပီတိဖြစ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိသားစုကို အသက်ထက်ပိုချစ်တဲ့ ခင်လှိုင်ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။

Source: Khin Hlaing’s fb
Bilie – Cele Connections

error: Alert: Content is protected !!