

 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကလေးဘဝကလို မိုးရွာရင် အပျော်လေးတွေဖန်တီးမိတယ်ဆိုတဲ့ နန်းဆုရတီစိုး”

ဘာဘီရုပ်လေးတစ်ရုပ်လိုလှပပြီ ပုရိသပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုးနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နန်းဆုရတီစိုးရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” ရူးခါနေအောင် ချစ်သူ” သီချင်းနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ သီချင်းဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် အနုပညာလမ်းကြောင်းမှာ ဘက်စုံထူးချွန်အောင်မြင်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

နန်းဆုရတီစိုးကတော့ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေ မမေ့မလျော့သွားအောင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ သူမက” မိုးအုံ့တာနဲ့ မိုးရွာမယ်အထင်နဲ့ ရေထဲဝင်စိမ် ပြီးတော့ ရွာလည်း မရွာဘူး” လို့ဆိုကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ မိုးရွာရင် မိုးရေချိုးချင်လို့ ရေထဲဝင်စိမ်ပါတယ်ဆိုကာမှ မရွာလို့ သူမစိတ်ကူးတွေပျက်သွားတာမို့ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ မိုးရွာမယ့် ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း နန်းဆုလိုဘဲ ခံစားချက်လေးတွေ ထပ်တူမကျတာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။
Soure….Nan Su Yati Soe’s Myday
Angella(CeleConnections)

error: Alert: Content is protected !!