ယူနီကုဒ်ဖြင့် ဖတ်ရန်
“Don’t Rush Challenge လေးကို သူငယ်ချင်း မင်းသမီးချောလေးတွေနဲ့ အတူဆော့ထားတဲ့ မအေးသောင်းရဲ့ ဗီဒီယိုဖိုင်”
ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချော အေးသောင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကာရိုက်တာအတွက် ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်..။ မအေးသောင်းကတော့ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေနဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။
ဒီနေ့ ဧပြီလ (၂၆)ရက်နေ့မှာတော့ မအေးသောင်း အနုပညာရှင် မင်းသမီးတွေနဲ့အတူူတူ Celebrity Girl Goal ဆိုပြီး Don’t rush Challenge လေးလုပ်ထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “ဒီလိုအချိန်မှာပရိသတ်တွေ ဖျော်ဖြေဖို့ရာ ပျော်ဖို့ရာအတွက် မိတ်ကပ် နဲ့ သရုပ်ဆောင်ရတာခုံမင် မတ်မတ်တို့ရဲ့ဝါသနာနဲ့ကိုက်တဲ့ TT လေးနဲ့ ဖျော်ဖြေလိုက်ပါတယ်ရှင့်။ စတေးဟုမ်းနေကျတဲ့ မောင်နှမတွေ ဘယ်သူမဆိုဒီ challenge မှာပါဝင်နိုင်ပါတယ်ရှင့်။ နောက်တခေါက်ဒီထပ်လူပိုစုပြီး ထပ်ရိုက်ကြအုံးမယ်နော်။ dontrushchallenge…celebritygirlsgoal” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
သူမအပါအဝင် ချောရတနာ၊သန္တာဗိုလ်၊ မေမြင့်မိုရ်၊ ဝါဆိုမိုးဦး၊ ရတနာဘို၊ အိချောပို၊ Mဆိုင်းလု၊ ယွန်းမီမီကျော်တို့နဲ့အတူ အမိုက်စား Tik Tok Challenge လေးကို ဆော့ထားတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ချစ်စရာကောင်းပြီး ချောမောတဲ့ မင်းသမီးတွေပါဝင်တဲ့ Tik Tok Challenge ဗီဒီယိုလေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်.။
Source: Aye Thaung’ s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!