

 

 


 

 


 

Source: Yone Lay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရွှေတိဂုံဘုရားအရှေ့ဘက်မှာ ကြံရည်ရောင်းတဲ့ ရွက်ပုန်းသီးအဆိုရှင်လေးကို သွားရောက်အားပေးပြီး သုံးစွဲဖို့ငွေတွေ လှူဒါန်းခဲ့တဲ့ ယုန်လေး

အဆိုတော် ယုန်လေးကတော့ သူ့ရဲ့ အနုပညာဖန်တီးချက်တွေကြောင့်သာမကပဲ သူတစ်ပါးအပေါ် ကူညီတတ်ပြီး စိတ်ကောင်းစေတနာကောင်းရှိတာကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ယုန်လေးက လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ကြီးခဲ့တဲ့ ကြံရည်ရောင်း အသက်မွေးနေရတဲ့ ရွက်ပုန်းသီးအဆိုရှင်လေးတစ်ယောက်ကို သွားရောက်တွေ့ဆုံရင်း အလှူငွေတွေ လှူဒါန်းခဲ့ကြောင်းကို ပြောပြလာပါတယ်။

“ရွှေတိဂုံ ဘုရား အရှေ့ဘက်က ကျွန်တော်လို့ မိဘမဲ့ ညီလေး ကျော်စွာ A4 ကို ဒီနေ့ သွားတွေခဲ့ပါတယ်။ အကျီလေးတွေ၊ အစားသောက်၊ Veve၊ Mask၊ သုံးဖို့ငွေ ညီမလေး ရွှေယင်းမာ က ၅သောင်း ကျွန်တော်လည်း ၅သောင်း ပေးခဲ့ပြီ။ အဆက်သွယ်ရအောင် ဖုန်းလေးလည်း ဝယ်ပေးခဲ့ပါတယ်။ Cb ကနေ့ရော မန်းရှင်းတွေခေါ်ပြီးရော ကျွန်တော်ကို လာပြောကြတဲ့ ညီအစ်ကိုမောင်နှစ်မများကို ကူပြီးပါပြီလို့။” ဆိုပြီး ဝမ်းသာစကားလေး ပြောပြထားပါတယ်။

အခုလို ကပ်ရောဂါဆိုးကြောင့် အရောင်းအဝယ်မကောင်းတဲ့ ဈေးသည်လေးလည်း ယုန်လေးရဲ့ အကူအညီကြောင့် အထောက်အပံ့တစ်ခုရသွားမယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးရဲ့ ကူညီတတ်တဲ့စိတ်ထားကို လေးစားအားကျနေကြမယ် ထင်ပါတယ်နော်။

Source: Yone Lay’s fb
Bilie – Cele Connections

error: Alert: Content is protected !!