ေမြးေန့မွာ စိတ္ဆင္းရဲစရာ ကပ္ေဘးနဲ့ၾကံဳေနရေပမယ့္ ျပည္သူ့က်န္းမာေရးအတြက္ အလွဴေငြသိန္း(၃၀)တိတိ လွဴဒါန္းျပီး ကုသိုလ္ယူခဲ့တဲ့ Ar-T

ႏိုင္​ငံ​ေက​်ာ္​ အဆို​ေတာ္​တစ္​ဦးျဖစ္​တဲ့ Ar-T ဟာ သူ႔ရဲ႕သီခ်င္​းျမဴးျမဴး​ေလး​ေတြ​ေၾကာင္​့ ပရိသတ္​​ေတြၾကားမွာ ​ေရပန္​းစားသူတစ္​ဦးပါ။ Ar-T က သူ့ရဲ့ သီခ်င္းတစ္ပုဒ္စီတိုင္းကို ေစတနာထားျပီး ပရိသတ္ေတြကို ခ်ျပတတ္တာေၾကာင့္ ေကာင္းသတင္းနဲ့သာ ေက်ာ္ၾကားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီကေန့ ဧျပီလ (၂၆) ရက္ေန့ကေတာ့ Ar-T ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ Ar-T က သူ့ရဲ့ ေမြးေန့မွာ စိတ္ဆင္းရဲစရာ ကပ္ေဘးနဲ့ ၾကံဳေနရေပမယ့္ အမ်ားသူငါ အက်ိဳးရိွေစမယ့္ အလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့ေၾကာင္း ေျပာျပထားပါတယ္။

 

 

“ေမြး​ေန႔မွာ အမွတ္တရအျဖစ္ ေငြက်ပ္သိန္း( ၃၀ )တိတိကို ျပည္သူ႔က်န္းမာ​ေရးအတြက္ Covid-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသ​ေရးအမ်ိဳးသားအဆင့္ဗဟို​ေကာ္မတီ သို႔KBZ bank မွတဆင့္လႉဒါန္းခဲ့ပါတယ္ ။ က်​ေနာ့္ ေမြးေန႔ရက္ ​ေမြး​​ေန႔လမွာ စိတ္ဆင္းရဲစရာ ကပ္ေဘးႏွင့္ ႀကဳံ​ေတြ႕​ေနရ​ေသာ္လည္း ယခုလို ႏိုင္ငံေတာ္က ဦး​​ေဆာင္ၿပီး တိုင္းျပည္အတြက္ လိုအပ္​ေသာေနရာမ်ားတြင္ အသုံးျပဳရန္ ျပည္သူ​ေတြက လႉဒါန္းတဲ့ ကဏၰမွာ ပါဝင္ကုသိုလ္ယူခြင့္ရတာကိုက်ေနာ္အထူးပင္ ဝမ္းသာပီတိျဖစ္မိပါတယ္။ ကပ္ဆိုးႀကီး အျမန္ၿပီးဆုံးၿပီးပုံမွန္အတိုင္းျပန္လည္လည္ပတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ရင္း ခုႏွစ္ရက္သားသမီးအ​ေပါင္း က်န္းမာခ်မ္းသာၿပီး အႏၲရာယ္ကင္း​ေဘးရွင္းပါ​ေစလို႔ ဆု​ေတာင္း​ေမတၱာပို႔အပ္ပါတယ္ခင္ဗ်ား။” ဆိုျပီး ေျပာထားပါတယ္။

 

 

Ar-T ကေတာ့ နွစ္စဥ္နွစ္တုိင္း သူ့ရဲ ့ေမြးေန့ကို သူငယ္ခ်င္းေတြနဲ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းေလ့ရိွေပမယ့္ ဒီနွစ္မွာေတာ့ အားလံုးရဲ့ က်န္းမာေရးအေျခအေနေၾကာင့္ တစ္ေယာက္တည္း အလွဴအတန္းေတြ ျပဳလုပ္ရင္းသာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေမြးေန့ရွင္ Ar-T အတြက္ ေမြးေန့ဆုေတာင္းစကားေလးေတြ ေျပာေပးခဲ့ၾကပါဦးေနာ္။

 

 

Source: Ar-T’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့မှာ စိတ်ဆင်းရဲစရာ ကပ်ဘေးနဲ့ကြုံနေရပေမယ့် ပြည်သူ့ကျန်းမာရေးအတွက် အလှူငွေသိန်း(၃၀)တိတိ လှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ Ar-T

နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Ar-T ဟာ သူ့ရဲ့သီချင်းမြူးမြူးလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ဦးပါ။ Ar-T က သူ့ရဲ့ သီချင်းတစ်ပုဒ်စီတိုင်းကို စေတနာထားပြီး ပရိသတ်တွေကို ချပြတတ်တာကြောင့် ကောင်းသတင်းနဲ့သာ ကျော်ကြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ (၂၆) ရက်နေ့ကတော့ Ar-T ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Ar-T က သူ့ရဲ့ မွေးနေ့မှာ စိတ်ဆင်းရဲစရာ ကပ်ဘေးနဲ့ ကြုံနေရပေမယ့် အများသူငါ အကျိုးရှိစေမယ့် အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ပြောပြထားပါတယ်။

“မွေးနေ့မှာ အမှတ်တရအဖြစ် ငွေကျပ်သိန်း( ၃၀ )တိတိကို ပြည်သူ့ကျန်းမာရေးအတွက် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ သို့KBZ bank မှတဆင့်လှူဒါန်းခဲ့ပါတယ် ။ ကျနော့် မွေးနေ့ရက် မွေးနေ့လမှာ စိတ်ဆင်းရဲစရာ ကပ်ဘေးနှင့် ကြုံတွေ့နေရသော်လည်း ယခုလို နိုင်ငံတော်က ဦးဆောင်ပြီး တိုင်းပြည်အတွက် လိုအပ်သောနေရာများတွင် အသုံးပြုရန် ပြည်သူတွေက လှူဒါန်းတဲ့ ကဏ္ဏမှာ ပါဝင်ကုသိုလ်ယူခွင့်ရတာကိုကျနော်အထူးပင် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကပ်ဆိုးကြီး အမြန်ပြီးဆုံးပြီးပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်ဖို့ မျှော်လင့်ရင်း ခုနှစ်ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာပြီး အန္တရာယ်ကင်းဘေးရှင်းပါစေလို့ ဆုတောင်းမေတ္တာပို့အပ်ပါတယ်ခင်ဗျား။” ဆိုပြီး ပြောထားပါတယ်။

Ar-T ကတော့ နှစ်စဉ်နှစ်တိုင်း သူ့ရဲ့မွေးနေ့ကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလေ့ရှိပေမယ့် ဒီနှစ်မှာတော့ အားလုံးရဲ့ ကျန်းမာရေးအခြေအနေကြောင့် တစ်ယောက်တည်း အလှူအတန်းတွေ ပြုလုပ်ရင်းသာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မွေးနေ့ရှင် Ar-T အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Source: Ar-T’s fb
Bilie – Cele Connections

error: Alert: Content is protected !!