ယူနီကုဒ်ဖြင့် ဖတ်ရန်
“မေမေချစ်သုဝေကို အဆိုတော်လုပ်ခိုင်းကာ သီချင်းတွေ လိုက်ဆိုရင်း ပွဲစီစဉ်သူတွေလုပ်နေကြတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုဖိုင်”
မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် မင်းသမီး ချစ်သုဝေကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ချစ်သုဝေကတော့ အဆိုတော် လင်းလင်းနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်နဲ့ အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝကို ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်.။ သမီးနှစ်ယောက်နာမည်နဲ့ “ခေတ်နဲ့ သစ်ဖောင်ဒေးရှင်း” ကို တည်ထောင်ကာ အကူအညီလိုအပ်နေတဲ့ နေရာတွေကို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်နေကြတာပဲဖြစ်ပါတယ်.။
ချစ်သုဝေက သူမရဲ့ ချစ်စရာကောင်းပြီး တတ်လွန်းတဲ့ သမီးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေရှိသူပါ..။ ချစ်ဖို့ကောင်းလွန်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ဟာလည်း ပရိသတ်တွေရဲ့ အသည်းကျော် အချစ်တော်လေးတွေ ဖြစ်လို့ နေပြီလို့ဆိုရမှာပါ.။ ဒီနေ့ ဧပြီလ (၂၆)ရက်နေ့မှာတော့ ချစ်သုဝေက သူမရဲ့ သမီးနှစ်ယောက်နဲ့ သီချင်းအတူတူဆိုရင်း ဆရာမကြီးတွေလုပ်ကာ ချစ်ဖို့ကောင်းနေတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုဖိုင်လေးတွေကို “ဘာလေးတွေတုန်းကွာ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
မေမေချစ်သုဝေဆိုတာကို အနောက်ကနေ လိုက်ဆိုပြီး အရုပ်လေးတွေကို နားထောင်တဲ့ ပရိသတ်တွေအဖြစ်နဲ့ သေချာလေးကို နေရာတွေ ချပေးကာ အလုပ်တွေရှုပ်နေတဲ့ ခေတ်နဲ့ သစ်ကတော့ တကယ့်ကို ချစ်ဖို့ကောင်းပြီး အတတ်စိန်လေးတွေဖြစ်လို့ နေပါပြီနော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ချစ်ဖို့ကောင်းလွန်းတဲ့ ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယိုဖိုုင်လေးတွေကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်.။
Source: Chit Thu Wai’ s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!