ယူနီကုဒ်ဖြင့်ဖတ်ရန်
“အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ထဲမကောင်းဖြစ်နေတယ်ဆိုတဲ့ နန်းဆုရတီစိုး”
ကော်ပတ်ရုပ်လေးလို ချစ်ဖို့ကောင်းပြီး ပုရိသပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ရရှိလာတဲ့ အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နန်းဆုရတီစိုးရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့”ရူးအောင်ချစ်ရသူ” သီချင်းဟာဆိုရင် ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားနေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားလောက်ပါဘူးနော်။ နန်းဆုကတော့ ဂီတပိုင်းမှာကော သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်နေတဲ့ မင်းသမီးပဲဖြစ်ပါတယ်။
နန်းဆုရတီစိုးကတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို အကောင်းဆုံးကြိုးစားနေလျက်ရှိသူတစ်ဦးပါ။ သူမရဲ့အချစ်ရေးဟာဆိုရင် ချစ်သူကိုတော့ official မချပြသေးပေမယ့် ချစ်သူရှိနေတယ်ဆိုတဲ့ အကြောင်းကိုတော့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ နန်းဆုရတီစိုးက” စိတ်ထဲတော့ မကောင်းဘူး တစ်မျိုးကြီးပဲ မပြောပြတတ်ဘူး” ဆိုတဲ့ သူမရဲ့ ဝမ်းနည်းနေတဲ့ ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။
CeleConnections ပရိသတ်တွေအတွက် နန်းဆုရတီစိုးရဲ့ ဝမ်းနည်းတဲ့ ခံစားချက်လေးကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း နန်းဆုအတွက် အားပေးစကားလေးတွေကို ရေးပေးခဲ့ကြပါနော်။
Soure….. Nan Su Yati Soe’s Myday
Angella(CeleConnections)
error: Alert: Content is protected !!