

 

 


 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်နေရင်း မပြင်မဆင်ပဲနေတာတောင် ချစ်စရာကောင်းပြီး အလှကြီးလှနေတဲ့ စိုးပြည့်သဇင်ရဲ့ သဘာဝအလှ

နိုင်ငံကျော် မင်းသမီးလေး စိုးပြည့်သဇင်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောရုံသာမက သရုပ်ဆောင်ပါကောင်းတဲ့ စိုးပြည့်သဇင်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် အကယ်ဒမီဆုကြီးတစ်ဆုကို “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Covid – 19 ကြောင့် အနုပညာလုပ်ငန်းတွေ ရပ်နားထားရတဲ့ စိုးပြည့်သဇင်က ဒီနေ့မှာတော့ သူမရဲ့ ပရိသတ်တွေအတွက် အလွမ်းပြေဓာတ်ပုံလေးတွေကို မျှဝေပေးထားပါတယ်။ စိုးပြည့်သဇင်က အိမ်မှာနေရင်း ဘာမှမပြင်ဆင်ထားတာတောင် သဘာဝဆန်ဆန်လေးနဲ့ အရမ်းလှနေတာကို တွေ့ရပါတယ်။

စိုးပြည့်သဇင်ရဲ့ အပြုံးချိုချိုလေးတွေကတော့ မြင်သူရင်ကို အေးမြစေမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး စိတ်တွေ လန်းဆန်း ကြည်လင်သွားမယ်လို့ ထင်ပါတယ်နော်။

Source: Soe Pyae Thazin’s fb
Bilie – Cele Connections

error: Alert: Content is protected !!