

 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“အရင်လို ရောဂါဘယကင်းစင်ပြီးအေးချမ်းတဲ့ ကမ္ဘာကြီးကို ပြန်လိုချင်တယ်ဆိုတဲ့ နက္ခတ်”

 

 

MRTV-4ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ” ကျွန်တော်အမုန်းဆုံးကျွန်တော်”ဇာတ်ကားတွေ စိုးနိုင်အဖြစ်ပါဝင်သရုပ်ဆောင်တဲ့ မင်းသားချောလေး နက္ခတ်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နက္ခတ်ကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ အားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း အနုပညာအလုပ်ကို ပိုမိုအောင်မြင်အောင် ကြိုးစားလျက်ရှိပါတယ်။

သူ့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေထဲက အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ကိုရိုနာရောဂါတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာကြောင့် အလုပ်တွေကို ပြန်လည်သတိရကာ “စိမ်းလန်းစိုပြည် ရောဂါ ကင်းစင် ပြီး ပျော်ရွှင် စရာ ကောင်းတဲ့ ပတ်ဝန်းကျင် နဲ့ အမြန်ဆုံး ပြန်ဆုံတွေ့ချင်နေပါပြီ” လို့ဆိုကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။
အရင်တုန်းက အေးချမ်းနေတဲ့ ကမ္ဘာကို ပြန်လည်ဆုံတွေ့ချင်နေတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် နက္ခတ်ကတော့ ရောဂါကင်းစင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ဆုံတွေ့နေတဲ့ အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း နက္ခတ်လိုမျိုးဘဲ ထပ်တူကျမယ်လို့ ထင်ပါတယ်။
Soure…. Nat Khat’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!