ယူနီကုဒ်ဖြင့် ဖတ်ရန်
“အခုချိန်ထိ အစွဲအလမ်းကြီးတတ်တဲ့ သူ့ရဲ့ အကျင့်တွေကို မဖျောက်နိုင်သေးဘူးဆိုတဲ့ G-Fatt”
“ပြည်ပသို့ ပေးစာ”သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ အဆိုတော် G- Fatt ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင ်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ G-Fattဟာ အချစ်ရေးမှာတော့ ချစ်သူဟောင်း နန်းဆုရတီစိုးနဲ့ လမ်းခွဲခဲ့ပြီး တစ်ယောက်တည်း Single ဘဝနဲ့ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။ G-Fatt ကသူ့ရဲ့ ရှေ့ဆက်လုပ်မယ့် အနုပညာအလုပ်အကြောင်းတွေနဲ့ ပရိသတ်တွေနဲ့အတူ Live Chat လေးတွေကို အမြဲ ပြုလုပ်လေ့ရှိသူပါ..။
ဒီနေ့ ဧပြီလ (၂၆)ရက်နေ့မှာတော့ G-Fatt က သူ့ရဲ့ အစွဲအလမ်းကြီးမှုတွေအကြောင်းကို “ငယ်ငယ်တည်းက စားနေကြ လမ်းထိပ်က အသုပ်ဆိုင်ရှိတယ် အခုထိ မနက်စာ ခေါက်ဆွဲသုပ်စားမယ်ဆို အဲ့အသုပ်ဆိုင်က မဟုတ်ရင် မစားတက်ဘူး။ တစ်နေရာရာ သွားရင်လည်း သွားဖို့ လမ်းနှစ်လမ်းရှိတယ်ဆိုပါစို့။ သွားနေကျလမ်းကပဲ အမြဲသွားဖြစ်တယ် တခြားလမ်းက(များသောအားဖြင့်) မသွားတက်ဘူး။ အပြင်သွားဖို့ အဝတ်အစားဝတ်ရင်လည်း အသစ်တွေရှိတယ် ဆိုပါစို့ .။ ဝတ်နေကျ အဝတ်တွေလောက် Confidence မရှိဘူး ။ သူငယ်ချင်းဆိုလည်း အသစ်တွေအများကြီးရှိတာပေါ့.။ ငယ်ငယ်ကကောင်တွေကို ဘယ်ကြောင့်မှ လက်တွဲမဖြုတ်နိုင်ခဲ့ဘူး ။ ပြောရရင် အများကြီးရှိသေးတယ် ..။
ဘယ်လိုတောင် အစွဲလမ်းကြီးမှုတွေလည်း ကျွန်တော် မသိဘူး.။ ပျောက်အောင်လည်း မဖျောက်နိုင်ခဲ့ဘူး။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ G-Fatt ကတော့ သူ့ရဲ့ ဘယ်လိုမှ ဖျောက်လို့ မရတဲ့ အစွဲအလမ်းကြီးတဲ့ အကျင့်လေးကို ရင်ဖွင့်ကာ ပြောပြလာတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း အစွဲအလမ်းကြီးကာ ခံစားနေရတဲ့ G-Fatt အတွက် အားပေးစကားလေးေျွှွကိုလည်း  ပြောပေးသွားပါဦးနော်.။
Source: G-Fatt’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!