

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သူ့ရဲ့သရုပ်ဆောင်ဘဝအကြောင်းတွေကို ချပြဖို့ အနုပညာရှင်တစ်ယောက်အနေနဲ့ မရှက်ပါဘူးဆိုတဲ့ ဇေရဲထက်”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော ဇေရဲထက်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဇေရဲထက်က ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ဗီဒီယိုခေတ်မှာ အောင်မြင်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်..။ အနုပညာမျိုးရိုးက မဟုတ်ဘဲ အနုပညာကို နှစ်သက်လွန်းလို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ သူ့ဘဝရဲ့ အဖြစ်အပျက်တွေကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ကာ မျှဝေခဲ့သူပါ..။

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူ့ကို နှစ်သက်သူ ပရိသတ်တွေအတွက် ပြောပြခြင်းဖြစ်တဲ့ အကြောင်းကို ဧပြီလ (၂၆)ရက်နေ့မှာ ဇေရဲထက်က “အမှန်တရားဆိုတာ ဖုံးကွယ်လို့ မရသလို သရုပ်ဆောင်ဖြစ်တော့ ကိုယ်ချစ်တဲ့ ပြည်သူတွေက ကိုယ်ချစ်တဲ့ သရုပ်ဆောင် ဘဝအကြောင်းကို သိချင်မှာပဲ ကျွန်တော်ကတော့ မရှက်တတ်ဘူး.။ အမှန်တရားကို မုန်းတဲ့လူဟာ သူတော်ကောင်းမဟုတ်တဲ့လူဘဲလေ ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ ပြည်သူကို ကျွန်တော် ချပြရဲတယ်..။” ဆိုပြီး သူ့ရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။

ပရိသတ်တွေကို သူ့ရဲ့ ပုံစံအမှန်ကိုပဲ ချပြတတ်ပြီး ဝေဖန်မှုတွေကို ရရှိနေပေမယ့် အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြုံးပြုံးလေးနဲ့ ဖြတ်သန်းနေတဲ့ သူလို့ ပြောရင်မှားမယ် မထင်ပါဘူးနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုနေထိုင်တတ်တဲ့ ဇေရဲထက်ကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ပါဦးနော်..။
Source: Zay Ye Htet’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!