“သူမဘဝအတြက္ အျမဲအမွတ္ရေနမယ့္ အမွတ္တရဗီဒီယုိဖုိင္ေလးတစ္ခုကို တင္လာခဲ့တဲ့ မိုးေဟကို”

မဟာဆန္စြာ လွပတဲ့နာမည္ႀကီး မင္းသမီးတစ္လက္ျဖစ္တဲ့ မိုးေဟကိုကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ မိုးေဟကိုက ေမာ္ဒယ္တစ္ေယာက္အေနနဲ႕ အနုပညာအလုပ္ေတြကို စတင္လုပ္ကိုင္ခဲ့ၿပီး အမ်ားခ်စ္ခင္မႈေတြကို ရရွိကာ ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္.။ မိုးေဟကိုက လက္ရွိမွာ ကိုယ္တိုင္ သရုပ္ေဆာင္မႈေတြကို သိပ္မလုပ္ျဖစ္ေတာ့ဘဲ “မိုး” ရုပ္ရွင္ထုတ္လုပ္ေရးကို ဦးစီးလုပ္ေဆာင္ေနတာပါ..။

 

 

သူမရဲ႕ အနုပညာလႈပ္ရွားမႈပံုရိပ္ေလးေတြကိုသာ တင္ေလ့ရွိသူ မိုးေဟကိုက ဒီေန႕ ဧၿပီလ (၂၆)ရက္ေန႕မွာေတာ့ သူမဘဝအမွတ္တရရွိေနေတာ့မယ့္ အမွတ္တရဗီဒီယုိဖုိင္ေလးတစ္ခုကို “အခ်ိန္ေတြ ဘယ္ေလာက္ပဲၾကာသြားေပးမယ့္ ကြၽန္မခ်စ္ေသာ.. ဖန္တီးမႈေလးက မိုး ဘဝမွာဘယ္ေတာ့မွေမ့မရတဲ့ အမွတ္တရေတြထဲက အမွတ္တရ တစ္ခု….။ ျဖစ္ခ်င္တဲ့ဆႏၵတစ္ခုကို အေကာင္းဆုံးစိတ္ရွည္သည္းခံၿပီး ဖန္တီး ေပးခဲ့တဲ့ Life Photography မွ ကိုလင္းထြန္း ကိုကင္း ကိုဆုရာ နဲ႔ ကိုသုံးေပါင္ ပါဝင္ေပးခဲ့တဲ့ တစ္ေယာက္ခ်င္းဆီကိုလည္း အၿမဲဲအမွတ္တရ ေက်းဇူးတင္လ်က္…. ။ ကြၽန္မခ်စ္ေသာ…. ပရိတ္သတ္ေတြ အတြက္ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္…” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

ျမန္မာျပည္အနွံ႕ လွပလြန္းတဲ့ ရႈခင္ေတြနဲ႕ ရိုက္ကူးထားတဲ့ “ကၽြန္မခ်စ္ေသာ” MTV ေလးကို သူမဘဝအတြက္ အမွတ္တရေလးအျဖစ္ က်န္ေနခဲ့မယ့္ အမွတ္တရဗီဒီယုိေလအေနနဲ႕ သူမခ်စ္တဲ့ ပရိသတ္ေတြအတြက္ပါ ခ်ျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးအတြက္လည္း မိုးေဟကိုရဲ႕ အမွတ္တရေတြ ပါဝင္ေနတဲ့ ဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။
Source:Moe Hay Ko’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“သူမဘဝအတွက် အမြဲအမှတ်ရနေမယ့် အမှတ်တရဗီဒီယိုဖိုင်လေးတစ်ခုကို တင်လာခဲ့တဲ့ မိုးဟေကို”

မဟာဆန်စွာ လှပတဲ့နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးဟေကိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ မိုးဟေကိုက မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ပြီး အများချစ်ခင်မှုတွေကို ရရှိကာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်.။ မိုးဟေကိုက လက်ရှိမှာ ကိုယ်တိုင် သရုပ်ဆောင်မှုတွေကို သိပ်မလုပ်ဖြစ်တော့ဘဲ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးစီးလုပ်ဆောင်နေတာပါ..။

သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကိုသာ တင်လေ့ရှိသူ မိုးဟေကိုက ဒီနေ့ ဧပြီလ (၂၆)ရက်နေ့မှာတော့ သူမဘဝအမှတ်တရရှိနေတော့မယ့် အမှတ်တရဗီဒီယိုဖိုင်လေးတစ်ခုကို “အချိန်တွေ ဘယ်လောက်ပဲကြာသွားပေးမယ့် ကျွန်မချစ်သော.. ဖန်တီးမှုလေးက မိုး ဘဝမှာဘယ်တော့မှမေ့မရတဲ့ အမှတ်တရတွေထဲက အမှတ်တရ တစ်ခု….။ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို အကောင်းဆုံးစိတ်ရှည်သည်းခံပြီး ဖန်တီး ပေးခဲ့တဲ့ Life Photography မှ ကိုလင်းထွန်း ကိုကင်း ကိုဆုရာ နဲ့ ကိုသုံးပေါင် ပါဝင်ပေးခဲ့တဲ့ တစ်ယောက်ချင်းဆီကိုလည်း အမြဲအမှတ်တရ ကျေးဇူးတင်လျက်…. ။ ကျွန်မချစ်သော…. ပရိတ်သတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်…” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မြန်မာပြည်အနှံ့ လှပလွန်းတဲ့ ရှုခင်တွေနဲ့ ရိုက်ကူးထားတဲ့ “ကျွန်မချစ်သော” MTV လေးကို သူမဘဝအတွက် အမှတ်တရလေးအဖြစ် ကျန်နေခဲ့မယ့် အမှတ်တရဗီဒီယိုလေအနေနဲ့ သူမချစ်တဲ့ ပရိသတ်တွေအတွက်ပါ ချပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း မိုးဟေကိုရဲ့ အမှတ်တရတွေ ပါဝင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source:Moe Hay Ko’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!