

 

 


 

 

ယူနီကုဒ်​ဖြင့်​ဖတ်​ရန်

“သူငယ်ချင်းAr-tမွေးနေ့လေးကို ထူးခြားစွာ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ စန္ဒီမြင့်လွင်”

CeleConnectionsပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ စန္ဒီမြင့်လွင့်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” ခေါက်ထားလိုက်”သီချင်းကတော့ ပရိသတ်တွေကြားမှာ အခုချိန်ထိကို ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့သီချင်းတစ်ပုဒ်ဆိုလည်း မမှားလောက်ပါဘူးနော်။ စန္ဒီမြင့်လွင့်ကတော့ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ကြင်နာတတ်တဲ့ ခင်ပွန်းတို့နဲ့သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ကတော့ အိမ်မှာနေရင်း အားပေးတဲ့ပရိသတ်တွေအတွက် သမီးလေးရဲ့အမှတ်တရပုံရိပ်လေးတွေနဲ့. Tik tokဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာဆိုရင်တော့ အဆိုတော်ဘဝတည်းက မောင်နှမအနေနဲ့ခင်မင်ရတဲ့ Ar-Tရဲ့ မွေးနေ့ဖြစ်တာကြောင့် စန္ဒီမြင့်လွင့်က “Happy birthday ကွီးအားတီချစ်သူနဲ့အမြဲပျော်နိုင်ပါစေ
ပွဲတွေအများကြီးဆိုပီးပိုက်ဆံတွေအများကြီးရပါစေ”လို့ဆိုကာ မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ အခင်ရဆုံးသူငယ်ချင်းလည်းဖြစ်တာကြောင့် birthday wishလေးဆုတောင်းပေးလိုက်တာပါပဲနော်။

CeleConnectionsပရိသတ်တွေအတွက်လည်း စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ဆုမွန်တောင်းလေးကိုပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း Ar-tအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေရေးပေးခဲ့ကြပါနော်။
Soure….Sandy Myint Lwin’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!