

 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝအမှတ်တရလေးတွေကို ချပြလိုက်တဲ့ နန်းသူဇာ”

CeleConnectionsပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ ချစ်စဖွယ်မျက်နှာအမူအရာလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုအားပေးဝန်းရံခံရတဲ့ နန်းသူဇာနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နန်းသူဇာကတော့ သရုပ်ဆောင်မှုပိုင်းမှာလည်း ကျွမ်းကျင်ရုံသာမက ဂီတပိုင်းမှာလည်း အောင်မြင်လာတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ပရိသတ်တွေမမေ့မလျော့သွားအောင် အမှတ်တရဖြစ်စေမယ့် ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။

သူမကတော့ အပျင်းပြေ tik tokလေးတွေကို ချစ်စဖွယ်ဟန်ပန်အမူအရာမျိုးစုံနဲ့ ဆော့ထားတဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် အပျော်လေးတွေကူးစေချင်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူတစ်ဦးပါပဲနော်။ နန်းသူဇာက ငယ်ဘဝပုံရိပ်လေးတွေကို သတိရကာ “၇ လ / ၁၃ နှစ် / ၂၉ နှစ်/၁၃ နှစ် တုန်း က ဘာရုပ်မှန်းကိုမသိဘူး”လို့ဆိုကာ ငယ်ငယ်ကလေးဘဝပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာဆိုရင် ငယ်ငယ်ကတည်းက ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကြွေသွားအောင်လို့ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် နန်းသူဇာရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သူမရဲ့ ငယ်ငယ်ကပုံရိပ်လေးတွေကိုကြည့်ကာ ပိုပြီချစ်သွားကြမယ်လို့ထင်ပါတယ်။
Soure…. Nan Thu Zar’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!