

 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

” ပရိသတ်တွေကို သူမသိစေချင်တဲ့ မေးခွန်းလေးမေးလိုက်တဲ့ ပိုးကြာဖြူခင်”

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “မိုးကောင်းကင် အိမ်မက်” ဇာတ်ကားတွေ ဆိုင်းမိုင်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ပိုးကြာဖြူခင်ကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ရုပ်ရည်လည်းချောမောတာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံး ရရှိထားတာပဲဖြစ်ပါတယ်။

ပိုးကြာဖြူကတော့ အိမ်မှာနေရင်း အလွမ်းအဆွေးကပ်ပရှင်းလေးတွေရေးကာ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ပိုးကြာဖြူခင်က” အခုလို မိုးတွေရွာတော့ ဘယ်သူကို အရင်လွမ်းမိလဲ” ဆိုတဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို မေးခွန်းလေးမေးကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ပိုးကြာဖြူရဲ့ မေးခွန်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကကော ပိုးကြာဖြူရဲ့ မေးခွန်းလေးကို ပြန်ပြီးဖြေပေးခဲ့ကြမယ်ထင်ပါတယ်။
Soure…. Poe Kyar Phyu Khin’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!