

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပရိသတ်တွေကို ပျော်ရွှင်စေမယ့် ဗီဒီယိုလေးတစ်ခုကို တင်လာခဲ့တဲ့ မေလသံစဉ်”

ဆယ်လီမလေး မေလသံစဉ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မေလသံစဉ်က သူမရဲ့ ပင်ကိုယ်အသံနဲ့ သီချင်းတော်တော်များများကို Cover Song တွေသီဆိုရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်..။ (၂၀၁၉)ခုနှစ် ရွှေကြိုမောင်မယ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့တာပါ.။

သူမရဲ့ ဝါသနာ သရုပ်ဆောင်အပြင် သီချင်းဆိုတာကိုလည်း လုပ်ဆောင်နေတဲ့ မေလသံစဉ်က သူမရဲ့ ပရိသတ်တွေအတွက် တစ်နေ့တစ်မျိုးသီချင်းလေးတွေကို Cover Song အနေနဲ့ ပြန်လည်သီဆိုကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၂၆)ရက်နေ့မှာတော့ မေလလေးက အိမ်မှာနေစဉ် ပရိသတ်တွေ ပျော်စေမယ့် ဗီဒီယိုဖိုင်လေးတစ်ခုကို “ဇွန်လသံစဉ် ကို မှတ်မိကြသေးလားဟင်..။ stayhomefunny” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မေလသံစဉ်နဲ့ ဇွန်လသံစဉ်ဆိုပြီး (၁)လပဲကွာတဲ့ ညီအစ်မရင်းတွေဆိုကာ ချစ်စရာကောင်းတဲ့ သီချင်းဗီဒီယိုဖိုင်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက် မေလသံစဉ်ရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်.။
Source: May Melody’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!