

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပင်လယ်ကမ်းစပ်က ရေသူမလေးတစ်ယောက်လို ငေးကြည့်နေရလောက်အောင်လှတဲ့ ပတ်ထရစ်ရှာရဲ့အလှ

ဘိုဆန်တဲ့ မျက်နှာလေးနဲ့ ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာက အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ တူမအရင်းတစ်ယောက် ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက အဒေါ်ဖြစ်သူ မြတ်ကေသီအောင်ရဲ့ အကူအညီမပါပဲ ကိုယ်ပိုင်အစွမ်းအစနဲ့ ကြိုးစားလာခဲ့ရာ အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက အနုပညာလုပ်ငန်းတွေနဲ့ ခဏတာဝေးကွာသွားပြီး အခုနောက်ပိုင်းမှာတော့ အလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပတ်ထရစ်ရှာက သူမရဲ့ ပရိသတ်တွေအတွက် ငပလီကမ်းခြေက သူမရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။ ပတ်ထရစ်ရှာက ကမ်းခြေက ရေသူမလေးတစ်ယောက်လို စိတ်ကူးယဉ်ဆန်ဆန်လှနေတာကို ပရိသတ်ကြီး မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာကတော့ အားလုံးရဲ့ စိတ်အာရုံတွေကို သိမ်းပိုက်ထားနိုင်တဲ့ အလှပိုင်ရှင်လေးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ရေသူမလေးတစ်ယောက်လိုလှနေတဲ့ ပတ်ထရစ်ရှာရဲ့ နောက်ထပ်ဓာတ်ပုံအမိုက်စားတွေကို စောင့်မျှော်အားပေးကြပါဦးနော်။

Source: Sue Sha Naing’s fb
Bilie – Cele Connections

error: Alert: Content is protected !!