

 

 


 

 


 

 

Source: Htwe Lynn Ko’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တရားမှတ်တာတောင် မျက်လုံးထဲ ဘီစကွတ်မုန့်တွေ မြင်ယောင်တယ်ဆိုတဲ့ ခေတ်နဲ့သစ်အကြောင်း ဟာသပြောလာတဲ့ လင်းလင်း

လူလတ်ပိုင်း ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြား ရရှိထားတဲ့ အဆိုတော် လင်းလင်းကတော့
အဆိုတော် မင်းသမီးလေး ချစ်သုဝေနဲ့ လက်ထပ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားသူပါ။ လင်းလင်းက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်ရတာကြောင့် အိမ်မှာပဲ သမီးတွေနဲ့အတူတူ အချိန်ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း လင်းလင်းက အဖေတူ ပြောင်စိန်လေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ အကြောင်းကို ပြောပြလာပါတယ်။

” ” ဘီစကွတ် ရှုမှတ်နည်း ” ဘုရားတရားဆိုတာ ဇရာရဲ့ဓါတ်စာ ဆိုတော့ လောလောဆယ် မျက်လုံးမှိတ်၊ လက်ဖဝါးနှစ်ဖက်ဖြန့်၊ ပေါင်ပေါ်တင်၊ ဆော့ချင်တဲ့ကစားနည်း စိတ်မှာထည့်၊ စားချင်တဲ့ အစားအစာ စိတ်မှာမှတ်။ နောက်ဆုံး တရားအဖြေတိုက်ကြည့်တော့ ဘီစကွတ် တဲ့” ဆိုပြီး ဘီစကွတ်အရမ်းကြိုက်တဲ့ သမီးနှစ်ယောက်အကြောင်းကို ပြောပြထားပါတယ်။

ခေတ်လေးနဲ့ သစ်လေးကတော့ ဖေဖေနဲ့တူတဲ့ ပျော်ပျော်နေတတ်တဲ့အကျင့်လေးကို အမွေရထားပြီး မေမေနဲ့တူတဲ့ ချစ်စရာမျက်နှာလေးတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖေဖေလင်းပြောတဲ့ ခေတ်နဲ့သစ်အကြောင်းသိပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!