

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“တစ်ယောက်သောသူကို ကျန်းမာရေးဂရုစိုက်ပါဆိုပြီး စိတ်ပူစွာနဲ့ ပြောလိုက်တဲ့ မေမြင့်မိုရ်ရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

 

Forever Group ကစီစဉ်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ပါဝင်သရုပ်ဆောင်ပေးတဲ့ ပုရိသပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုအများဆုံးရရှိထားတဲ့ မင်းသမီးချောလေးမေမြင့်မိုရ်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မေမြင့်မိုရ်ကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ပရိသတ်တွေအတွက် အနုပညာအလုပ်ကို အကောင်းဆုံးကြိုးစားနေလျက်ရှိပါတယ်။

မေမြင့်မိုရ်ကတော့ ခေတ်စားနေတဲ့ tik tokဗီဒီယိုလေးတွေကို အပျင်းပြေဆော့ကာ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မေမြင့်မိုရ်က” ဝိုင်းစုရဲ့ ကျန်းမာရေးဂရုစိုက်သီချင်းလေးနဲ့ tik tokဆော့ထားတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကို အလွမ်းပြေကြည့်လို့ရအောင်လို့ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ tik tokဗီဒီယိုလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မေမြင့်မိုရ်ရဲ့ ဗီဒီယိုကိုကြည့်ကာ ကျန်းမာရေးကို ပိုဂရုစိုက်ကြမယ်လို့လည်း ထင်ပါတယ်။

Soure…May Myint Mo’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!