

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“တစ်စုံတစ်ယောက်ကို လွမ်းနေမှန်းသိလို့ ကောင်းကင်ကတောင် ငိုချပေးလိုက်တယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း”
အသံပါဝါအားကောင်းပြီး အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ CeleConnections ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးလေ့ရှိပါတယ်။ ဖြူဖြူကျော်ရဲ့ သီချင်းဖြစ်တဲ့ ” အဘယ်ကြောင့်ဆိုသော်၊ ချယ်ရီလမ်း”သီချင်းတွေဟာဆိုရင် ပရိသတ်တွေကြားမှာ အခုချိန်ထိရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ သီချင်းတွေဆိုလည်း မမှားလောက်ပါဘူးနော်။ ဖြူဖြူကျော်သိန်းကတော့ သီချင်းအသစ်တွေကို ဆက်လက်ထွက်ရှိလာနိုင်ဖို့ကိုလည်း အကောင်းဆုံးကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေကို အမိုက်စားကပ်ပရှင်းလေးတွေရေးကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဖြူဖြူကျော်သိန်းက”လွမ်းနေမှန်းသိလို့တဲ့..ကောင်းကင်ကြီးကငိုချပေးလိုက်တယ်
ပိတောက်တွေပါပွင့်ရော…ပိတောက်ပန်းခူးပေးမယ့်သူမရှိတော့လည်းအရောင်တူပြီးရော၊ တွေ့တဲ့ပန်းကောက်ဆွဲရတာပေါ့” လို့ဆိုကာ ဆွေးမြေ့နေတဲ့ ခံစားချက်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကိုလွမ်းနေတာတဲ့အကြောင်းနဲ့ပတ်သက်ပြီး တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ဖြူဖြူကျော်သိန်းရဲ့ လွမ်းနေတဲ့ခံစားချက်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဖြူဖြူကျော်သိန်းရဲ့ လွမ်းနေတဲ့သူကို စိတ်ဝင်စားကြမယ်လို့လည်း ထင်ပါတယ်။
Soure….Phyu Phyu Kyaw Thein’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!