ယူနီကုဒ်ဖြင့် ဖတ်ရန်
“ညီအစ်ကိုလို ရင်းနှီးချစ်ခင်တဲ့ ညီထွဋ်ခေါင်အတွက် ထူးထူးခြားခြားလေး မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ မင်းမော်ကွန်း”
နာမည်ကြီး မင်းသားချောတစ်လက်ဖြစ်တဲ့ မင်းမော်ကွန်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မင်းမော်ကွန်းဟာ တက်ကြွပြီး ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ကလေး(၃)ယောက်အဖေဖြစ်ပေမယ့် ကြည့်ကောင်းကာ ချောမောနေဆဲမို့ သူငယ်ချင်းဖြစ်သူ အနုပညာရှင်တစ်ချို့ရဲ့ ကလေးမင်းသားလို့ စနောက်ခြင်းကို တောင် ခံရတဲ့သူပါ..။
အမြဲတမ်း အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ ချစ်ခင်စနောက်နေတတ်တဲ့ မင်းမော်ကွန်းက ဒီနေ့ ဧပြီလ (၂၆)ရက်နေ့မှာ ကျရောက်တဲ့ ညီထွဋ်ခေါင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းလေးကို “Happy birthday ပါညီလေးရေအောင်မြင်ကျန်းမာပါစေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ မင်းမော်ကွန်းက မွေးနေ့ဆုမွန်ကောင်းလေးကို ညီထွဋ်ခေါင်ရဲ့ အလှူအတွက် ပြင်ဆင်ပေးနေတဲ့ ပုံရိပ်လေးနဲ့အတူ တောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်..။
ညီအစ်ကိုလို ချစ်ခင်ရတဲ့ ညီထွဋ်ခေါင်အတွက် မွေးနေ့ဆုမွန်ကောင်းလေးကို မမေ့မလျော့ တောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ဒီနေ့ ဧပြီလ (၂၆)ရက်နေ့မှာ ကျရောက်တဲ့ ညီထွဋ်ခေါင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေကိုလည်း ဆုမွန်ကောင်းတောင်း ပေးခဲ့ကြပါဦးနော်..။
Source: Kyaw Kyaw Htay Lwin’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!