

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆွစ်ဇာလန်နိုင်ငံရဲ့ သဘာဝရှုမျှော်ခင်းတွေကို အပေါ်စီးကနေ ငေးမောကြည့်နေတဲ့ ဝတ်မှုံရွှေရည်ရဲ့ ခရီးသွားမှတ်တမ်းပုံရိပ်

နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ် အနုပညာလောကထဲ စတင်ဝင်ရောက်လာကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အခုလက်ရှိချိန်ထိတိုင် အောင်မြင်မှုတွေများစွာနဲ့ အထိတ်အထိပ်ကို ရောက်ရှိနေတာဖြစ်ပြီး အကယ်ဒမီဆုကြီးနှစ်ဆုနဲ့ နိုင်ငံတကာက ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေ ရပ်နားထားရပြီး အိမ်ထဲမှာပဲ နေနေရတဲ့ ဝတ်မှုံရွှေရည်က ဒီတစ်ခေါက်မှာတော့ ပြီးခဲ့တဲ့လပိုင်းက သူမသွားခဲ့တဲ့ ဆွစ်ဇာလန်ခရီးစဉ်က ပုံရိပ်အချို့ကို မျှဝေပေးထားပါတယ်။ ဝတ်မှုံရွှေရည်က အရမ်းလှတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ရှုမျှော်ခင်းတွေကို အပေါ်စီးကနေ ငေးမောကြည့်နေတာ အရမ်းကို လှပတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အခုလို အိမ်တွင်းအောင်းနေရတဲ့အချိန် သူမရဲ့ ခရီးသွားခဲ့တဲ့ အမှတ်တရတွေကို ပြန်လည် လွမ်းဆွတ်နေပုံပါပဲ။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ခရီးသွားပုံရိပ်တွေကို ကြည့်ပြီး ခရီးထွက်ချင်စိတ်တွေ ဖြစ်လာမယ် ထင်ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections

error: Alert: Content is protected !!