

 


 

 


 

 

Source: Thandar Bo
ယူနီကုတ်ဖြင့်ဖတ်ရန်

” Covid 19ကြောင့် အိမ်မှာပဲနေကာ ချစ်သူနဲ့ Video Call ပြောကာ အလွမ်းသယ်နေရတယ် ဆိုတဲ့ သန္တာဗိုလ် ”

CeleConnectionsပရိသတ်ကြီးရေ ​သန္တာဗိုလ်ကတော့ နိုင်ငံကျော်ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာရဲ့ ညီမအငယ်ဆုံးလေးပဲ ဖြစ်ပါတယ်။ အမရဲ့အနုပညာအမွေကို ဆက်ခံထားတဲ့သန္တာဗိုလ်ကတော့ သရုပ်ဆောင်ထက် မော်ဒယ်လ်ဘက်ကို ပိုမို အားသန်​သူလေးလို့​ဆိုရမှာပါ။

မော်ဒယ်လ်ဘက်ကို ပိုမိုအားစိုက်ကာလုပ်ဆောင်လျက်ရှိတဲ့ သန္တာဗိုလ်ကတော့ တကယ့်ကိုအင်တာနေရှင်နယ်မော်ဒယ်လ်တွေလို အရပ်အမောင်းအချိုးအစားကိုပိုင်ဆိုင်ထားကာ အမြဲအထာကျကျ ဖက်ရှင်တွေကိုဝတ်စားတတ်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ အမြဲပေါ့ပါးပျော်ရွှင်စွာနေတတ်တဲ့သန္တာဗိုလ်ကတော့ TikTokလေးတွေလည်း အမြဲဆော့ကာ ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေရှိပါတယ်နော်။

သူမရဲ့အချစ်ရေးကတော့ ပြည်သူ့အချစ်တော် နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်တဲ့ ကောင်းပြည့်နဲ့
ချစ်သူသက်တမ်း (၈)နှစ်ကျော် ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်စုံတွဲတွေထဲကအလိုက်ဖက်ဆုံးစုံ​တွဲတစ်တွဲဆိုလည်း မှားမယ်မထင်ပါဘူးနော်။ သူမကတော့ လက်ရှိမှာCovid19ဖြစ်ပွားမှုကြောင့် အိမ်မှာပဲနေကာ ချစ်သူလေးနဲ့ Video call ခေါ်ကာ
အလွမ်းသယ်နေရကြောင်းကို ” Oppaနဲ့ အလွမ်းသယ် ” ဆိုတဲ့စာလေးနဲ့ video callပြောနေတဲ့ပုံလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My day မှာဖော်ပြလာတာပါ။CeleConnectionsပရိသတ်ကြီးထဲမှာရော အိမ်မှာနေကာ ချစ်သူနဲ့အလွမ်းသယ်နေရတဲ့ သန္တာဗိုလ်နဲ့ဘဝတူတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source: Thandar Bo
Candy-CeleConnections

 

error: Alert: Content is protected !!