

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

Anniversary နေ့လေးမှာ ဘယ်မှမသွားရလို့ အိမ်မှာပဲ ကိတ်လေးခွဲပြီး ဖြတ်သန်းခဲ့တဲ့ ခိုင်သင်းကြည်တို့ မိသားစု

နိုင်ငံကျော် မင်းသမီး ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်အဖြစ် ရပ်တည်နေသလို သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကိုလည်း တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့အတိုင်းပဲ သူမရဲ့ ဘဝက ပူပင်မှုမရှိပဲ အေးအေးချမ်းချမ်းရှိနေတာမို့ တစ်နေ့တစ်ခြား ပိုပြီး နုပျိုလှပလာတာ ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။

မနေ့က ဧပြီလ (၂၄) ရက်နေ့ကတော့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံရဲ့ (၁၈) နှစ်ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်တို့က မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဘယ်မှမသွားရတဲ့အတွက် အိမ်မှာပဲ ကိတ်မုန့်လေးခွဲပြီး မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်တို့ မိသားစုလေးကတော့ ဘယ်အချိန်ကြည့်ကြည့် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတာပဲနော်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် ဝမ်းသာဂုဏ်ယူစကားလေး ပြောခဲ့ကြပါဦးနော်။

Source: Khine Thin Kyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!