” ေလာင္းေတာ္ဦးသစၥာ ေအာင္ေျမ ဓမၼ ရိပ္သာQuarantine စင္တာသို႔ Marks ၊ လက္အိတ္၊ဆန္ (၄) အိတ္နဲ႔ ေငြသားတစ္ခ်ိဳ႕ကို ပရိသတ္တစ္ေယာက္နဲ႔ စုေပါင္းလႉဒါန္းခဲ့တဲ့ ေဒါင္း “

CeleConnectionsပရိသတ္ႀကီးေရ ​ေဒါင္းကေတာ့ အခုလို Covid 19ျဖစ္ပြားလ်က္ရွိတဲ့ အခ်ိန္မွာ လိုအပ္တဲ့ေနရာေတြကို တတ္ႏိုင္သမွ်လႉဒါန္းကာ အႏုပညာရွင္အေနနဲ႔ တစ္ဖက္တလမ္းက ျပည္သူေတြကိုအကူအညီေပးေနတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။သူ႔ရဲ႕ခ်စ္ ပရိသတ္ေတြစိတ္အပန္းေျဖႏိုင္ဖို႔အတြက္ ဝတၳဳတိုေလးေတြအျပင္ ကဗ်ာေလးေတြလည္း ဖတ္ျပကာ တတ္ႏိုင္တဲ့ဘက္က ေဖ်ာ္ေျဖမႈေလးေတြ ျပဳလုပ္ေပးေနတာပါ။

 

 

ဒါ့အျပင္Covid19အတြက္ပရိသတ္​ေတြေဆာင္ရန္ေရွာင္ရန္ အခ်က္ေတြကို သတိေပးကာ တိုက္တြန္းအားေပးစကားေျပာေပးေနတဲ့သူတစ္ေယာက္ပါ။ အႏုပညာမွာလည္း ဘက္စုံေအာင္ထူးခြၽန္တတ္ေျမာက္တဲ့အျပင္ အားကစားဘက္မွာလည္း ထူးခြၽန္ခဲ့တဲ့မင္းသားတစ္လက္ပါ။

 

 

က်ရာဇာတ္႐ုပ္ကိုပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသားေခ်ာေဒါင္းကေတာ့ ဒီေန႔မွာလည္း” က်မတို႔ လုပ္အားေပးေနေသာ ေလာင္းေတာ္ဦးသစၥာ ေအာင္ေျမ ဓမၼ ရိပ္သာQuarantine စင္တာသို႔Quarantine ၀င္ေနသူမ်ားက်န္းမာေရး၀န္ထမ္းမ်ားႏွင့္လုပ္အားေပးအဖြဲ႕အားMarks ၊ လက္အိပ္ ႏွင့္ဆန္ ၄ အိပ္ လာေရာက္လႉဒါန္းတဲ့ေလးစားရပါေသာရန္ကုန္ေရာက္ မႏၲေလးသား,႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒါင္း ႏွင့္ အမ ဟန္စုၿဖိဳး တို႔ကို ေက်းဇူးတင္သာဓုေခၚဆိုပါတယ္..ခ်မ္းေျမ့က်ပါေစ…”ဆိုတဲ့စာေလးနဲ႔အႏုပညာရွင္တစ္ဦးျဖစ္တဲ့ လီလီႏိုင္ေက်ာ္ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာပါ။CeleConnectionsပရိသတ္ႀကီးလည္း မြန္ျမတ္တဲ့အလႉအတြက္သာဓုေခၚခဲ့ပါဦးေနာ္။

 

 

Source: Lily Naing Kyaw
Candy – CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” လောင်းတော်ဦးသစ္စာ အောင်မြေ ဓမ္မ ရိပ်သာQuarantine စင်တာသို့ Marks ၊ လက်အိတ်၊ဆန် (၄) အိတ်နဲ့ ငွေသားတစ်ချို့ကို ပရိသတ်တစ်ယောက်နဲ့ စုပေါင်းလှူဒါန်းခဲ့တဲ့ ဒေါင်း ”

CeleConnectionsပရိသတ်ကြီးရေ ဒေါင်းကတော့ အခုလို Covid 19ဖြစ်ပွားလျက်ရှိတဲ့ အချိန်မှာ လိုအပ်တဲ့နေရာတွေကို တတ်နိုင်သမျှလှူဒါန်းကာ အနုပညာရှင်အနေနဲ့ တစ်ဖက်တလမ်းက ပြည်သူတွေကိုအကူအညီပေးနေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။သူ့ရဲ့ချစ် ပရိသတ်တွေစိတ်အပန်းဖြေနိုင်ဖို့အတွက် ဝတ္ထုတိုလေးတွေအပြင် ကဗျာလေးတွေလည်း ဖတ်ပြကာ တတ်နိုင်တဲ့ဘက်က ဖျော်ဖြေမှုလေးတွေ ပြုလုပ်ပေးနေတာပါ။

ဒါ့အပြင်Covid19အတွက်ပရိသတ်တွေဆောင်ရန်ရှောင်ရန် အချက်တွေကို သတိပေးကာ တိုက်တွန်းအားပေးစကားပြောပေးနေတဲ့သူတစ်ယောက်ပါ။ အနုပညာမှာလည်း ဘက်စုံအောင်ထူးချွန်တတ်မြောက်တဲ့အပြင် အားကစားဘက်မှာလည်း ထူးချွန်ခဲ့တဲ့မင်းသားတစ်လက်ပါ။

ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောဒေါင်းကတော့ ဒီနေ့မှာလည်း” ကျမတို့ လုပ်အားပေးနေသော လောင်းတော်ဦးသစ္စာ အောင်မြေ ဓမ္မ ရိပ်သာQuarantine စင်တာသို့Quarantine ဝင်နေသူများကျန်းမာရေးဝန်ထမ်းများနှင့်လုပ်အားပေးအဖွဲ့အားMarks ၊ လက်အိပ် နှင့်ဆန် ၄ အိပ် လာရောက်လှူဒါန်းတဲ့လေးစားရပါသောရန်ကုန်ရောက် မန္တလေးသား,ရုပ်ရှင်သရုပ်ဆောင် ဒေါင်း နှင့် အမ ဟန်စုဖြိုး တို့ကို ကျေးဇူးတင်သာဓုခေါ်ဆိုပါတယ်..ချမ်းမြေ့ကျပါစေ…”ဆိုတဲ့စာလေးနဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့ လီလီနိုင်ကျော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။CeleConnectionsပရိသတ်ကြီးလည်း မွန်မြတ်တဲ့အလှူအတွက်သာဓုခေါ်ခဲ့ပါဦးနော်။

Source: Lily Naing Kyaw
Candy – CeleConnections

error: Alert: Content is protected !!