ေမြးေန့ဆိုတာ ဘာမွန္းမသိတဲ့ ကေလးေတြအတြက္ အားငယ္ၿပီး နာက်ည္းမွုေတြမျဖစ္ရေလေအာင္ လတိုင္းေမြးေန့ကိတ္ေလးခြဲျပီး ဆုေတာင္းေပးျဖစ္တယ္ဆိုတဲ့ ခုိင္နွင္းေဝ

ပရဟိတ မင္းသမီးေလး ခိုင္နွင္းေဝကေတာ့ “ခိုင္နွင္းေဝပရဟိတအသင္း” နဲ့ “ခိုင္နွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ” ကို ဦးစီးတည္ေထာင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ခိုင္နွင္းေဝကေတာ့ သူမရဲ့ ေဂဟာက ကေလးငယ္ေတြကို မိဘအရင္းသဖြယ္ ေစာင့္ေရွာက္ေပးျပီး သူတို့ေလးေတြ စိတ္ဒဏ္ရာမရေစေအာင္ စနစ္တက် ပ်ိဳးေထာင္ေပးေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီေန့မွာလည္း ခိုင္နွင္းေဝက သူမေဂဟာက ကေလးေတြအတြက္ ေမြးေန့ပြဲေလး က်င္းပေပးခဲ့တာကို ေတြ့ရပါတယ္။

 

 

ခိုင္နွင္းေဝက “ဒီေန႔ဆို ၄ လပိုင္းေမြးတဲ့ ကၽြန္မ သားသမီး ၈ ေယာက္ကိုေမြးေန႔ ကိတ္ေလးခြဲေပးျဖစ္တယ္။ ကၽြန္မေဂဟာေလးမွာ လစဥ္ ေမြးတဲ့ကေလးေတြ စုၿပီး လတိုင္း လတိုင္း ေမြးေန႔ပြဲေလးေတြလုပ္ၿပီး ေမြးေန႔ ဆုေတာင္းေလးေတြအျမဲ လုပ္ေပးတယ္။ လူတိုင္းကကိုယ့္ေမြးေန႔ကိုတန္ဖိုးထားၾကတယ္ေလ။ ေပ်ာ္ၾကတယ္။ ေမၽွာ္လင့္ၾကတယ္။ ေမြးေန႔ဆုေတာင္းေတြ၊ လက္ေဆာင္ေတြနဲ႔ ေပ်ာ္ရမဲ့ေန႔တေန႔မွာ ကၽြန္မသားသမီးေတြ အားငယ္ၿပီး နာက်ည္းမွုေတြမျဖစ္ရေလေအာင္ မြးေန႔ဆိုတာဘာမွန္းမသိ , ဘယ္သူေမြးမွန္းမသိ သူတို့ေလးေတြ ေမြးေန႔လာလႉတဲ့ အလွူရွင္ေတြနဲ႔အတူတူ ေပ်ာ္နိုင္ဖို့ ေမေမ့ သားသမီးေလးေတြ ေမြးေန႔မွာေပ်ာ္ရႊင္ေအာင္ အတတ္နိုင္ဆုံးႀကိဳးစားၿပီးေမတၱာေတြေပးေနမိတယ္”

 

 

“သားသမီးေတြ‌ ေပ်ာ္ေနတာေလးေတြၾကည့္ၿပီး အေမျဖစ္တဲ့ ကၽြန္မ ေပ်ာ္ေနေပမဲ့ ရင္ထဲမွာေတာ့ ဝမ္းနည္းသလိုလို။ သားေတြသမီးေတြ ဒီအေမ ရင္ထဲက ေမတၱာတရားကိုသိၿပီး ေမြးေန႔‌ ေတြတိုင္းမွာ အားငယ္မညိဳးႏြမ္းပဲ အမ်ားနည္းတူ ေပ်ာ္ရႊင္စြာျဖတ္သန္းၿပီး ေအာင္ျမင္တဲ့ လူေတာ္လူေကာင္းေလးေတြအျဖစ္နဲ႔ ဘဝေလာကဓံကို ရဲရဲတိုက္ပြဲဝင္နိုင္တဲ့ သူေလးေတြျဖစ္ၾကပါေစလို့ ေမေမရင္နဲ႔အမၽွ ဆုေတာင္းေပးလိုက္ပါတယ္ကြယ္။” ဆိုျပီး ေျပာထားပါတယ္။

 

 

ခိုင္နွင္းေဝကေတာ့ သူမေဂဟာကို ေရာက္လာတဲ့ သားသမီးတိုင္းကို မိခင္ရင္းတစ္ေယာက္လို ရင္ေငြ့ေပး ေစာင့္ေရွာက္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ခိုင္နွင္းေဝရဲ့ သားသမီးေတြအေပၚျဖစ္ေစခ်င္တဲ့ ဆုေတာင္းေလးလည္း ျပည့္ဝပါေစလို့ Cele Connections မွ ဆႏၵျပဳလုိက္ပါတယ္ေနာ္။

 

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့ဆိုတာ ဘာမှန်းမသိတဲ့ ကလေးတွေအတွက် အားငယ်ပြီး နာကျည်းမှုတွေမဖြစ်ရလေအောင် လတိုင်းမွေးနေ့ကိတ်လေးခွဲပြီး ဆုတောင်းပေးဖြစ်တယ်ဆိုတဲ့ ခိုင်နှင်းဝေ

ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေပရဟိတအသင်း” နဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ကို ဦးစီးတည်ထောင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာက ကလေးငယ်တွေကို မိဘအရင်းသဖွယ် စောင့်ရှောက်ပေးပြီး သူတို့လေးတွေ စိတ်ဒဏ်ရာမရစေအောင် စနစ်တကျ ပျိုးထောင်ပေးနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက သူမဂေဟာက ကလေးတွေအတွက် မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေက “ဒီနေ့ဆို ၄ လပိုင်းမွေးတဲ့ ကျွန်မ သားသမီး ၈ ယောက်ကိုမွေးနေ့ ကိတ်လေးခွဲပေးဖြစ်တယ်။ ကျွန်မဂေဟာလေးမှာ လစဉ် မွေးတဲ့ကလေးတွေ စုပြီး လတိုင်း လတိုင်း မွေးနေ့ပွဲလေးတွေလုပ်ပြီး မွေးနေ့ ဆုတောင်းလေးတွေအမြဲ လုပ်ပေးတယ်။ လူတိုင်းကကိုယ့်မွေးနေ့ကိုတန်ဖိုးထားကြတယ်လေ။ ပျော်ကြတယ်။ မျှော်လင့်ကြတယ်။ မွေးနေ့ဆုတောင်းတွေ၊ လက်ဆောင်တွေနဲ့ ပျော်ရမဲ့နေ့တနေ့မှာ ကျွန်မသားသမီးတွေ အားငယ်ပြီး နာကျည်းမှုတွေမဖြစ်ရလေအောင် မွးနေ့ဆိုတာဘာမှန်းမသိ , ဘယ်သူမွေးမှန်းမသိ သူတို့လေးတွေ မွေးနေ့လာလှူတဲ့ အလှူရှင်တွေနဲ့အတူတူ ပျော်နိုင်ဖို့ မေမေ့ သားသမီးလေးတွေ မွေးနေ့မှာပျော်ရွှင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးမေတ္တာတွေပေးနေမိတယ်”

“သားသမီးတွေ‌ ပျော်နေတာလေးတွေကြည့်ပြီး အမေဖြစ်တဲ့ ကျွန်မ ပျော်နေပေမဲ့ ရင်ထဲမှာတော့ ဝမ်းနည်းသလိုလို။ သားတွေသမီးတွေ ဒီအမေ ရင်ထဲက မေတ္တာတရားကိုသိပြီး မွေးနေ့‌ တွေတိုင်းမှာ အားငယ်မညိုးနွမ်းပဲ အများနည်းတူ ပျော်ရွှင်စွာဖြတ်သန်းပြီး အောင်မြင်တဲ့ လူတော်လူကောင်းလေးတွေအဖြစ်နဲ့ ဘဝလောကဓံကို ရဲရဲတိုက်ပွဲဝင်နိုင်တဲ့ သူလေးတွေဖြစ်ကြပါစေလို့ မေမေရင်နဲ့အမျှ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။” ဆိုပြီး ပြောထားပါတယ်။

ခိုင်နှင်းဝေကတော့ သူမဂေဟာကို ရောက်လာတဲ့ သားသမီးတိုင်းကို မိခင်ရင်းတစ်ယောက်လို ရင်ငွေ့ပေး စောင့်ရှောက်နေသူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ သားသမီးတွေအပေါ်ဖြစ်စေချင်တဲ့ ဆုတောင်းလေးလည်း ပြည့်ဝပါစေလို့ Cele Connections မှ ဆန္ဒပြုလိုက်ပါတယ်နော်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!