ေနတိုးဆီက ရခဲ့တဲ့ အကူအညီတစ္ခုအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာလာတဲ့ စိုင္းစိုင္းခမ္းလႈိင္

အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ စီစဥ္ေရးသားၿပီး ႏိုင္ငံေက်ာ္အဆိုေတာ္ အေယာက္ (၂၀)   ပါဝင္သီဆိုထားၾကတဲ့ “ကမာၻေျမသီခ်င္း” ကို အားလုံး နားဆင္ၿပီးေလာက္ၿပီ ထင္ပါတယ္ေနာ္။ Covid – 19 ျဖစ္ပြားေနတဲ့ ကာလမွာ အခက္အခဲနဲ႔ ႀကဳံဆုံေနရတဲ့ လူသားတိုင္းအတြက္ ရည္႐ြယ္ထားတဲ့ သီခ်င္းေလးျဖစ္ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို အမ်ားအျပား ရရိွထားတာ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ စိုင္းစိုင္းခမ္းလိႈင္က “ကမာၻေျမသီခ်င္း” မွာ ပါဝင္သီဆိုေပးခဲ့တဲ့ အဆိုေတာ္ေတြအျပင္ အျခား ေက်းဇူးတင္ထိုက္သူေတြကို ေက်းဇူးတင္စကား ေျပာထားပါတယ္။

 

 

“ကမာၻေျမသီခ်င္း ဖန္တီးစဥ္က အႏုပညာရွင္ေတြအျပင္ ေက်းဇူးတင္ရမယ့္သူေတြရွိပါေသးတယ္။ ပိတ္ထားတဲ့ Studio ကို အသုံးျပဳခြင့္ေပးတဲ့ Harmony Studio။ ကိုယ္ဘာမွလုပ္မေပးရလို႔ဆိုၿပီး Studio စားရိတ္ေတြ ဝင္စိုက္ေပးတဲ့ ကိုအီၾကာေကြး Soe Naing Tun။ အဆိုေတာ္ေတြ တစ္ေယာက္နဲ႔တစ္ေယာက္လုံးဝမေတြ႕ဆုံရေအာင္ အခ်ိန္ေတြခြဲၿပီး ႐ိုက္ကူးဖို႔အတြက္ ေနရာအခမဲ့ကူညီေပးတဲ့ ကိုေနတိုး ( Story Board Studio ) တို႔ကို ေက်းဇူးတင္ေၾကာင္း ထပ္ေလာင္းေျပာခ်င္ပါတယ္။” ဆိုျပီး ေျပာထားပါတယ္။

 

 

Story Board Movie Studio ဟာ မင္းသားေခ်ာ ေနတိုး ပိုင္ဆိုင္တာျဖစ္ျပီး သီခ်င္း MV ရိုက္ဖို့   အဆိုေတာ္ေတြ တစ္ေယာက္နဲ့တစ္ေယာက္ လံုးဝမဆံုျဖစ္ေအာင္ အခ်ိန္ေတြအမ်ားၾကီးေပးျပီး အခမဲ့ ကူညီေပးခဲ့တာေၾကာင့္ စိုင္းစိုင္းက ေက်းဇူးတင္စကား ထပ္မံေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ “ကမာၻေျမသီခ်င္း” ေလးကို နားဆင္ျပီးျပီလား ေျပာခဲ့ၾကပါဦးေနာ္။

 

 

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နေတိုးဆီက ရခဲ့တဲ့ အကူအညီတစ်ခုအတွက် ကျေးဇူးတင်ကြောင်း ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် စိုင်းစိုင်းခမ်းလှိုင် စီစဉ်ရေးသားပြီး နိုင်ငံကျော်အဆိုတော် အယောက် (၂၀) ပါဝင်သီဆိုထားကြတဲ့ “ကမ္ဘာမြေသီချင်း” ကို အားလုံး နားဆင်ပြီးလောက်ပြီ ထင်ပါတယ်နော်။ Covid – 19 ဖြစ်ပွားနေတဲ့ ကာလမှာ အခက်အခဲနဲ့ ကြုံဆုံနေရတဲ့ လူသားတိုင်းအတွက် ရည်ရွယ်ထားတဲ့ သီချင်းလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြား ရရှိထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က “ကမ္ဘာမြေသီချင်း” မှာ ပါဝင်သီဆိုပေးခဲ့တဲ့ အဆိုတော်တွေအပြင် အခြား ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကား ပြောထားပါတယ်။

“ကမ္ဘာမြေသီချင်း ဖန်တီးစဉ်က အနုပညာရှင်တွေအပြင် ကျေးဇူးတင်ရမယ့်သူတွေရှိပါသေးတယ်။ ပိတ်ထားတဲ့ Studio ကို အသုံးပြုခွင့်ပေးတဲ့ Harmony Studio။ ကိုယ်ဘာမှလုပ်မပေးရလို့ဆိုပြီး Studio စားရိတ်တွေ ဝင်စိုက်ပေးတဲ့ ကိုအီကြာကွေး Soe Naing Tun။ အဆိုတော်တွေ တစ်ယောက်နဲ့တစ်ယောက်လုံးဝမတွေ့ဆုံရအောင် အချိန်တွေခွဲပြီး ရိုက်ကူးဖို့အတွက် နေရာအခမဲ့ကူညီပေးတဲ့ ကိုနေတိုး ( Story Board Studio ) တို့ကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောချင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။

Story Board Movie Studio ဟာ မင်းသားချော နေတိုး ပိုင်ဆိုင်တာဖြစ်ပြီး သီချင်း MV ရိုက်ဖို့ အဆိုတော်တွေ တစ်ယောက်နဲ့တစ်ယောက် လုံးဝမဆုံဖြစ်အောင် အချိန်တွေအများကြီးပေးပြီး အခမဲ့ ကူညီပေးခဲ့တာကြောင့် စိုင်းစိုင်းက ကျေးဇူးတင်စကား ထပ်မံပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော “ကမ္ဘာမြေသီချင်း” လေးကို နားဆင်ပြီးပြီလား ပြောခဲ့ကြပါဦးနော်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!