

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အမှန်တကယ်ကို တစ်ယောက်သောသူကို လွမ်းမိနေတဲ့အကြောင်းတွေကို ရင်ဖွင့်လာတဲ့ ဆောင်းဝတ်ရည်မေ”

ချစ်စရာကောင်းပြီး ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ တုတုလေးက မတူညီတဲ့ ကာရိုက်တာပေါင်းများစွာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်..။

အချစ်ရေးမှာတော့ အေးအေးဆေးဆေး အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ Single ဘဝနဲ့ နေထိုင်နေတဲ့သူပါ..။ ဒီနေ့ ဧပြီလ (၂၅)ရက်နေ့မှာတော့ တုတုလေးက တစ်ယောက်သောသူကို လွမ်းနေမိတဲ့အကြောင်းလေးကို “တစ်ခါတစ်လေတော့လည်း ကြားချင်ပါတယ်.။ သတိရတယ်ဆိုပြီး အဝေးကြီးက လွင့်လာတဲ့ အသံလေးကို SMS ….. seriously missing someone” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

အမြဲတမ်းပျော်ရွှင်တတတ်ကြွကာ စနောက်တဲ့ ပိုစ့်လေးတွေကို တင်တတ်တဲ့ တုတုလေးက ထူးထူးခြားခြား အချစ်အကြောင်းနဲ့ ပတ်သက်ပြီး ရင်ဖွင့်တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ တုတုလေးတစ်ယောက် တကယ့်ကို အချစ်ရေးမှာ လွမ်းရတဲ့ အထိ ချစ်ရမယ့်သူ ရှိနေပြီနဲ့တူပါတယ်..။ Cele Connections ပရိသတ်ကြီးရော ဘယ်လိုမြင်လဲ?? တုတုလေးတစ်ယောက်တကယ်ပဲ အချစ်ကို တွေ့ရှိနေပြီလားဆိုတာ ထင်မြင်မိတဲ့ မှတ်ချက်လေးတွေကို  ရေးခဲ့ပါဦးနော်..။
Source: Hsaung Wutyee May’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!