

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အချွန်နဲ့မ,တဲ့ ပရိသတ်တစ်ယောက်ကြောင့် ကျဉ်းထဲကြပ်ထဲရောက်နေရတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့အဖြစ်

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အနုပညာသက်တမ်း နှစ် (၂၀)ကျော်အတွင်း အောင်မြင်မှုတွေကိုသာ ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာသက်တမ်းကြာရင့်လာတာနဲ့အမျှ အားပေးသူပရိသတ်တွေ တစ်နေ့တစ်ခြားတိုးလာခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ကို နယ်ပယ်အသီးသီးက အသက်အရွယ်မျိုးစုံနဲ့ ပရိသတ်တွေက အားပေးကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ စိုင်းစိုင်းက သူ့ကို အချွန်နဲ့မ,တဲ့ ပရိသတ်တစ်ယောက်ကြောင့် ဒုက္ခရောက်နေရတာကို တွေ့ရပါတယ်။

ထိုပရိသတ်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ Chat Box မှာ “ဘယ်သီချင်းက ဘယ်ကောင်မလေးအကြောင်း ရေးထားတာလဲ စာရင်းနဲ့တင်ပေးပါ” လို့ တောင်းဆိုခဲ့တာကြောင့် စိုင်းစိုင်းခမျာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရပြီး သူ့ကို အချွန်နဲ့မ,တယ်လို့ စနောက်ထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ အဲ့ဒီ ပရိသတ်ရဲ့ တောင်းဆိုမှုကို ဖြည့်စည်းပေးနိုင်မယ်လို့ မထင်ပါဘူးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို Cele Connections မှ ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!