



Source : Melody Myo
ယူနီကုတ်ဖြင့်ဖတ်ရန်

” အချစ်စစ်နဲ့ပတ်သက်ပြီး သူမရဲ့ ထင်မြင်ချက်ကို ပြောပြလာတဲ့ မယ်လိုဒီ ”

CeleConnections ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော်မင်းသမီး မယ်လိုဒီကတော့ ဒီနေ့မှာ ” တကယ်ချစ်တယ် အချစ်စစ် မှန်ခဲ့ရင် ဘယ်လိုအခြေအနေမှာဘဲ အဆုံးအရှုံး မခံပါနှင့်ချစ်ခြင်းမှာ မာန ဆိုတာမရှိသင့်ဆုံးပါ။နောက်ကျတယ်ဆိုတာ မရှိပါဘူး။ချစ်နေဖို့အဓိကပါဘဲချစ်သူတိုင်းစိတ်ချမ်းသာကြပါစေ ” ဆိုပြီး အချစ်နဲ့ ပတ်သက်တဲ့ အမြင်လေးကို ဝေမျှလာခဲ့တာပဲ ဖြစ်ပါတယ်။

ဝါရင့် သရုပ်ဆောင်မင်းသမီး မယ်လိုဒီကတော့ အသားအရေဝင်းလက်လှပမှုတွေအပြင် ပြစ်မျိုးမှဲ့မထင်အောင် ချောမောမှုတွေကြောင့် မိန်းကလေးပရိသတ်တော်တော်များများ အားကျရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဆယ်စုနှစ်တစ်ခုအကြာကတည်းက ယောကျာ်းလေးပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ရတဲ့ အောင်မြင်တဲ့အကယ်ဒမီ် မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူးနော်။

အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရဲ့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားပြီး မိသားစုကိုပဲ အချိန်ပေးခဲ့ပြီး အခုချိန်မှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ကာ ချစ်စရာကောင်းတဲ့ သားလေးအပြင် ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော အချစ်စစ်နဲ့ပတ်သက်ပြီး မယ်လိုဒီမြင်တဲ့ အမြင်လေးနဲ့ သဘောထားချင်းတူရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Melody Myo
Candy – CeleConnections

error: Alert: Content is protected !!