

 

 


 

 


 

 

ယူနီကုတ်ဖြင့်ဖတ်ရန်

” သူ့အနေနဲ့ TikTok တွေဆော့ကာဆိုရှယ်မီဒီပေါ်ဝေမျှရတဲ့ အကြောင်းရင်းကို ရင်ဖွင့်ပြောပြလာတဲ့ ကိုပေါက်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ ကိုပေါက်ကတော့ ရုပ်ရှင်သရုပ်ဆောင် အဖြစ်ကနေ အခုဆိုဒါရိုက်တာ အဖြစ်ပါပူးတွဲလုပ်ကိုင်လျက်ရှိတဲ့ အနုပညာရှင် တစ်ဦးပါ။ သရုပ်ဆောင်နေရာမှာလည်း အကြမ်းအရမ်း ကာရိုက်တာတွေအပြင် ဟာသဇာတ်ရုပ်ကိုလည်းပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ကောင်းတစ်ယောက်ပါပဲနော်။

အနုပညာနဲ့ပတ်သက်ရင် ပန်းချီဆွဲတာလည်းဝါသနာပါသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း Covid 19ကြောင့် အလုပ်တွေရပ်နားထားကာ အိမ်မှာပဲနေနေတဲ့ ပရိသတ်တွေအတွက် ကိုပေါက်ကတော့သူတတ်နိုင်တဲ့ဘက်က စိတ်အပန်းဖြေစေနိုင်ဖို့ တစ်တပ်တစ်အားပါဝင်အားဖြည့်ပေးနေတာတွေ့ရပါတယ်။

ကိုပေါက်တစ်ယောက် ပရိသတ်တွေ တဝါးဝါးပွဲကျကာ တခဏစိတ်ပျော်ရွှင်သွားစေမယ့် TikTokလေးတွေဆော့ကာ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာကြောင့် ပရိသတ်တွေပါးစပ်ဖျားမှာ ကိုပေါက်ရဲ့ TikTokတွေဟာ ရေပန်းစားနေတာအမှန်ပါပဲနော်။ လက်ရှိမှာတော့ ကိုပေါက်တစ်ယောက် Stay Home နေရင်း TikTokဆော့ရတာ အလုပ်ရှုပ်ကာ မလွယ်ကူပေမယ့် ဘာကြောင့်ဆော့ရသလဲဆိုရင် ” ပရိသတ်ကြီးကိုချစ်ပြီး ပျော်ရွှင်စေချင်လို့ ” ဆိုတဲ့ အကြောင်းကို TikTokလေးနဲ့ပြောထားတာပါ။ CeleConnections ပရိသတ်ကြီးရေ အနုပညာရှင်ဖြစ်တဲ့ ကိုပေါက် တစ်ယောက် ပရိသတ်တွေအပေါ် ထားရှိတဲ့စိတ်လေးက ချစ်စရာပါပဲနော်။ ကိုပေါက်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Aung Min Naing ‘s TikTok
Candy – CeleConnections

 

error: Alert: Content is protected !!