“သူမမွာ ရွိတဲ့ေနာက္ထပ္ အနုပညာအရည္အခ်င္းတစ္ခုကို ခ်ျပလိုက္တဲ့ ေခးဆက္သြင္”

ဇာတ္လမ္းတြဲမ်ားမွာ က်ရာဇာတ္ရုပ္တိုင္းကို သရုပ္ေဆာင္နိုင္တဲ့ မင္းသမီးေခ်ာ ေခးဆက္သြင္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္…။ ပရိသတ္ေတြရဲ႕ မ်ားျပားလွတဲ့ ခ်ီးက်ဴးမႈနဲ႕ အားေပးနွစ္ၿခိဳက္မႈေတြကို “နွင္းဆီ” ဇာတ္လမ္းတြဲနဲ႕ သိမ္းပိုက္သြားခဲ့တဲ့ သူပဲျဖစ္ပါတယ္..။ ပီျပင္လွတဲ့ နွင္းဆီဇာတ္ရုပ္ေၾကာင့္ ပရိသတ္ေတြက သူမကို နွင္းဆီလို႕သာ ခ်စ္စနိုးနာမည္ေလးေပးရတဲ့ အဆင့္ထိကို အားေပးမႈေတြကို  ရရွိခဲ့တာပါ..။

 

 

 

အျမဲတမ္းေပါ့ပါးေပ်ာ္ရႊင္စြာ ေနထိုင္တတ္ၿပီး Single ဘဝနဲ႕ ပရိသတ္ေတြရဲ႕အခ်စ္ေတြနဲ႕သာ သူမဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနတဲ့သူပဲျဖစ္ပါတယ္..။ သူမရဲ႕ အနုပညာလႈပ္ရွားမႈပံုရိပ္ေတြနဲ႕ ငယ္ဘဝက ပံုရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ေပးေလ့ရွိသူပါ..။ ဒီေန႕ ဧၿပီလ (၂၅)ရက္ေန႕မွာေတာ့ ေခးဆက္သြင္က ငယ္ငယ္က အၿငိမ့္ေတြကခဲ့ဖူးၿပီး အခု ပရိသတ္ေတြေပ်ာ္ေစဖို႕အတြက္ သူမရဲ႕ ေနာက္ထပ္ အရည္အခ်င္းေလးတစ္ခုအျဖစ္ ကျပထားတဲ့ ဗီဒီယုိဖို္င္ေလးကို “ငယ္ငယ္က အၿငိမ့္ေတြကဖူးေပးမယ့္ ႀကီးေတာ့ ေယာင္ဝါးဝါး ျမန္မာအကပါ.။ professionlမဟုတ္ပါေနာ္ အေပ်ာ္က ထားတာပါလို႔” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

မကတာၾကာသြားေပမယ့္ တကယ့္မင္းသမီးေလးတစ္ေယာက္လို အခ်ိဳးအစားက်က် ကျပနိုင္ပါေသးတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ျမန္မာအကကို အခ်ိဳးအစားက်က် ကျပထားတဲ့ ေခးဆက္သြင္ရဲ႕ ဗီဒီယုိဖို္င္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။ ပရိသတ္ႀကီးလည္း ေခးေလးနွင္းဆီကတာကို နွစ္သက္ရင္ မွတ္ခ်က္ေလးေတြ ေရးေပးသြားပါဦးေနာ္..။
Source: Khay Sett Thwin’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“သူမမှာ ရှိတဲ့နောက်ထပ် အနုပညာအရည်အချင်းတစ်ခုကို ချပြလိုက်တဲ့ ခေးဆက်သွင်”

ဇာတ်လမ်းတွဲများမှာ ကျရာဇာတ်ရုပ်တိုင်းကို သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော ခေးဆက်သွင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်…။ ပရိသတ်တွေရဲ့ များပြားလှတဲ့ ချီးကျူးမှုနဲ့ အားပေးနှစ်ခြိုက်မှုတွေကို “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့ သိမ်းပိုက်သွားခဲ့တဲ့ သူပဲဖြစ်ပါတယ်..။ ပီပြင်လှတဲ့ နှင်းဆီဇာတ်ရုပ်ကြောင့် ပရိသတ်တွေက သူမကို နှင်းဆီလို့သာ ချစ်စနိုးနာမည်လေးပေးရတဲ့ အဆင့်ထိကို အားပေးမှုတွေကို ရရှိခဲ့တာပါ..။

အမြဲတမ်းပေါ့ပါးပျော်ရွှင်စွာ နေထိုင်တတ်ပြီး Single ဘဝနဲ့ ပရိသတ်တွေရဲ့အချစ်တွေနဲ့သာ သူမဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေနဲ့ ငယ်ဘဝက ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၂၅)ရက်နေ့မှာတော့ ခေးဆက်သွင်က ငယ်ငယ်က အငြိမ့်တွေကခဲ့ဖူးပြီး အခု ပရိသတ်တွေပျော်စေဖို့အတွက် သူမရဲ့ နောက်ထပ် အရည်အချင်းလေးတစ်ခုအဖြစ် ကပြထားတဲ့ ဗီဒီယိုဖိုင်လေးကို “ငယ်ငယ်က အငြိမ့်တွေကဖူးပေးမယ့် ကြီးတော့ ယောင်ဝါးဝါး မြန်မာအကပါ.။ professionlမဟုတ်ပါနော် အပျော်က ထားတာပါလို့” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မကတာကြာသွားပေမယ့် တကယ့်မင်းသမီးလေးတစ်ယောက်လို အချိုးအစားကျကျ ကပြနိုင်ပါသေးတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မြန်မာအကကို အချိုးအစားကျကျ ကပြထားတဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ခေးလေးနှင်းဆီကတာကို နှစ်သက်ရင် မှတ်ချက်လေးတွေ  ရေးပေးသွားပါဦးနော်..။
Source: Khay Sett Thwin’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!