သီချင်း စဆို၊ စရေးတုန်းက ကော်ပီရယ် မှီငြမ်းတာတွေရယ်များပါတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ နှစ်ပေါင်း (၂၀)ကျော်တိုင် ထိပ်ဆုံးမှာ အောင်မြင်မှုရရှိနေတဲ့   တစ်ဦးတည်းသော အနုပညာရှင်တစ်ယောက်ပါပဲ။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ဂီတသက်တမ်းတစ်လျှောက် သီချင်းပေါင်း ရာကျော်ကို ရေးသားသီဆိုခဲ့ပြီး သူဖန်တီးခဲ့တဲ့ သီချင်းတွေက Own Tune တွေလည်းပါသလို နိုင်ငံခြား သီချင်းတွေကို ကော်ပီ မှီငြမ်းတာတွေလည်းရှိကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားတာပဲ ဖြစ်ပါတယ်။

“၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးအခွေစထွက်ခဲ့တာနဲ့တွက်ရင် အခုဆိုရင် နှစ် ၂၀ ရှိပြီ။ ​ဖြတ်သန်းခဲ့တဲ့ ခေတ်အဆက်ဆက်မှာ ကျနော်ရေးခဲ့ ဆိုခဲ့တဲ့ သီချင်းတွေရဲ့ နောက်ကွယ်က သီချင်းတွေရဲ့ရာဇဝင်ကိုပြောပြမယ် စိတ်ကူးပါတယ် အိမ်ထဲမှာပိတ်မိနေတဲ့အချိန် ကျနော့်သီချင်းတွေကို ပြန်လည်စုစည်းရင်းနဲ့ပေါ့ဗျာ။ ကျနော်ရေးခဲ့တဲ့သီချင်းတွေထဲမှာ(၁) တိုက်ရိုက်ကော်ပီသီချင်းတွေ၊ (၂) မှီငြမ်းထားတဲ့ သီချင်းတွေ၊ (၃) သီချင်းဟောင်းရဲ့ တီးလုံး(သို့)Chorus ပေါ်မှာ Rap ပြန်လုပ်ထားတဲ့သီချင်းတွေနဲ့ (၄) Original ကိုယ်ပိုင်သံစဉ်သီချင်းတွေ ဆိုပြီး (၄)မျိုးရှိပါတယ်။ နောက်ပိုင်းမှာ ဘယ်သီချင်းကတော့ဖြင့် ကော်ပီ ဘယ်သီချင်းကတော့ own tune ဘယ်ဟာက ဘာကိုမှီးထားတာဆိုတာ တစ်ပုဒ်ချင်း ပြောပြပါမယ်။”

 

 

“စဆို စရေးတုန်းကတော့ ကော်ပီရယ် မှီးတာတွေရယ်များပါတယ်။ own tune တွေလည်း ရှိတော့ ရှိတာပေါ့။ ဒီဘက်ခေတ်ရောက်လာတော့ ဂီတပညာရှင်တွေနဲ့ ပေါင်းပြီး Original တွေပဲလုပ်ဖို့ကြိုးစားနေပါတယ်။ ကျနော့်သီချင်းအားလုံးမှာ ၉၀% ရဲ့စာသားတွေက ကျနော်ရေးတာဖြစ်ပြီး သံစဉ်ကတော့ ကိုယ်ပိုင်နဲ့ ကော်ပီ တစ်ဝက်စီလောက်ရှိမယ်ထင်ပါတယ်။သံစဉ်ကို တခြားတေးရေးရေးပေးတာမျိုးလည်းရှိပါတယ်။ ကျနော်ကိုယ်တိုင်တီးတာတော့ တစ်ပုဒ်မှမရှိပါဘူး။ Arrangement တော့ ကျနော်လုပ်တာများပါတယ်။” ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောထားတာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ သီချင်းတွေကို သူကိုယ်တိုင် ဖန်တီးသည်ဖြစ်စေ၊ ကော်ပီကူးသည်ပဲဖြစ်စေ သူ့ရဲ့ သီချင်းတိုင်းကတော့ ပရိသတ်တွေ ပါးစပ်ဖြားမှာ ဒီနေ့ထိတိုင် ပြောစမှတ်တွင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေထဲမှာ   ဘယ်သီချင်းကို အကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦးနော်။

 

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!