သဘင္အနုပညာသည္မ်ားအတြက္ ေငြက်ပ္သိန္း (၁၀၀) တိတိကို ေစာင့္ေရွာက္လွဴဒါန္းခဲ့တဲ့ ဆရာေတာ္အရွင္ေဆကိႏၵ

လက္ရိွျဖစ္ပြားေနတဲ့ Covid – 19 ေၾကာင့္ သာမာန္ လက္လုပ္လက္စား ျပည္သူေတြအျပင္ ခ်ိဳ့တဲ့တဲ့ အနုပညာသည္ေတြ၊ သဘင္ပညာသည္ေတြပါ အၾကပ္အတည္းနဲ့ ရင္ဆုိင္ေနရတာပဲ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံသဘင္အစည္းအရံုးမွ တစ္နိုင္ငံလံုးရိွ သဘင္အနုပညာရွင္မ်ား မိသားစုဝင္မ်ားအတြက္ လွဴဒါန္းေထာက္ပံ့ေပးဖို့ အစီအစဥ္ကို စတင္ေနျပီျဖစ္ျပီး သဘင္အစည္းအရံုး ဥကၠဌျဖစ္သူ ဖိုးခ်စ္မွ တာဝန္ယူေဆာင္ရြက္ေနတာပဲ ျဖစ္ပါတယ္။ ဒီေန့မွာေတာ့ ဖိုးခ်စ္က သဘင္အနုပညာရွင္မ်ားအတြက္ ေထာက္ပံ့လွဴဒါန္းေပးတဲ့ အလွဴရွင္တစ္ေယာက္အေၾကာင္းကို ဝမ္းသာစြာ ေျပာျပထားပါတယ္။

 

 

“သဘင္သည္မ်ားအတြက္ ( ႏိုင္ငံေတာ္မွေထာက္ပံ့မႈ သဘင္အစည္းအ႐ုံးမွ ေထာက္ပံ့မႈ မရရွိၾကတဲ့ သဘင္အႏုပညာရွင္မ်ား) လႉဒါန္းေပးမည့္ ပိုသူလႉ လိုသူကူ အလႉအတြက္ အင္မတန္ ၾကည္ညိဳေလးစားရပါေသာ ဆရာေတာ္ရွင္ေဆကိႏၵမွ က်ပ္သိန္း ၁၀၀ ( သိန္းတစ္ရာတိတိ ေစာင့္ေရွာက္လႉဒါန္းပါတယ္ခင္ဗ်ာ… ဆရာေတာ္ႀကီးကို ဦးတင္ ကန္ေတာ့ပါတယ္ဘုရား” ဆိုျပီး ဝမ္းေျမာက္စြာ ေျပာထားပါတယ္။

 

 

ဆရာေတာ္ၾကီးအရွင္ ေဆကိႏၵဟာ ျပီးခဲ့တဲ့ ရက္ပိုင္းကလည္း ရုပ္ရွင္အစည္းအရံုးမွ မမမ်ားအဖြဲ့နဲ့ ကိုလူေခ်ာအဖြဲ့တုိ့ကို (၄၁) သိန္း ေထာက္ပံ့လွဴဒါန္းခဲ့ပါေသးတယ္။ ဆရာေတာ္ၾကီး သက္ရွည္က်န္းမာစြာနဲ့ သာသနာျပဳနိုင္ပါေစလို့ Cele Connections မွ ဆုေတာင္းေပးလုိက္ပါတယ္။

 

 

Source: Phoe Chit’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သဘင်အနုပညာသည်များအတွက် ငွေကျပ်သိန်း (၁၀၀) တိတိကို စောင့်ရှောက်လှူဒါန်းခဲ့တဲ့ ဆရာတော်အရှင်ဆေကိန္ဒ

လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ကြောင့် သာမာန် လက်လုပ်လက်စား ပြည်သူတွေအပြင် ချို့တဲ့တဲ့ အနုပညာသည်တွေ၊ သဘင်ပညာသည်တွေပါ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ တစ်နိုင်ငံလုံးရှိ သဘင်အနုပညာရှင်များ မိသားစုဝင်များအတွက် လှူဒါန်းထောက်ပံ့ပေးဖို့ အစီအစဉ်ကို စတင်နေပြီဖြစ်ပြီး သဘင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဖိုးချစ်မှ တာဝန်ယူဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖိုးချစ်က သဘင်အနုပညာရှင်များအတွက် ထောက်ပံ့လှူဒါန်းပေးတဲ့ အလှူရှင်တစ်ယောက်အကြောင်းကို ဝမ်းသာစွာ ပြောပြထားပါတယ်။

“သဘင်သည်များအတွက် ( နိုင်ငံတော်မှထောက်ပံ့မှု သဘင်အစည်းအရုံးမှ ထောက်ပံ့မှု မရရှိကြတဲ့ သဘင်အနုပညာရှင်များ) လှူဒါန်းပေးမည့် ပိုသူလှူ လိုသူကူ အလှူအတွက် အင်မတန် ကြည်ညိုလေးစားရပါသော ဆရာတော်ရှင်ဆေကိန္ဒမှ ကျပ်သိန်း ၁၀၀ ( သိန်းတစ်ရာတိတိ စောင့်ရှောက်လှူဒါန်းပါတယ်ခင်ဗျာ… ဆရာတော်ကြီးကို ဦးတင် ကန်တော့ပါတယ်ဘုရား” ဆိုပြီး ဝမ်းမြောက်စွာ ပြောထားပါတယ်။

ဆရာတော်ကြီးအရှင် ဆေကိန္ဒဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရုပ်ရှင်အစည်းအရုံးမှ မမများအဖွဲ့နဲ့ ကိုလူချောအဖွဲ့တို့ကို (၄၁) သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါသေးတယ်။ ဆရာတော်ကြီး သက်ရှည်ကျန်းမာစွာနဲ့ သာသနာပြုနိုင်ပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်။

Source: Phoe Chit’s fb
Bilie – Cele Connections

error: Alert: Content is protected !!