လူငယ္ေတြပါးစပ္ျဖားေရပန္းစားခဲ့တဲ့ “စပ္မိစပ္ရာ” သီခ်င္းဟာ ဘဝတစ္ေလွ်ာက္အေျပာခံရတာေတြကို စိတ္အခ်ဥ္ေပါက္ေရးထားတာဆိုတဲ့ စိုင္းစိုင္းခမ္းလိႈင္

စိုင္းစိုင္းခမ္းလိႈ္င္လို့ ဆုိလိုက္တာနဲ့ သက္ငယ္ပိုင္းကေန သက္လတ္ပိုင္းအတြင္း ပရိသတ္ေတြ   ေတာ္ေတာ္မ်ားမ်ား ၾကိဳက္နွစ္သက္ၾကမယ္ ထင္ပါတယ္။ စိုင္းစိုင္းခမ္းလိႈင္ရဲ့ သီခ်င္းေတြက နွစ္ေတြဘယ္ေလာက္ေျပာင္းေျပာင္း ပရိသတ္ေတြ ပါးစပ္ျဖားမွာ စြဲက်န္ေစတယ္ဆိုတာေတာ့ ျငင္းလို့မရပါဘူး။ ဒီေန့မွာေတာ့ စုိင္းစိုင္းရဲ့ နာမည္ၾကီး သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “စပ္မိစပ္ရာ” သီခ်င္း ျဖစ္ေပၚလာပံုိကုိ စိုင္းစိုင္းက အခုလိုပဲ ေျပာျပထားပါတယ္။

 

 

” “စပ္မိစပ္ရာ” သီခ်င္းက ၂၀၀၅ မွာထြက္တဲ့ စိုင္းစိုင္းဟုေခၚသည္ထဲကပါ။ တီးလုံး Beat က အဆိုေတာ္ “ရသ” တီးေပးထားတာျဖစ္ၿပီေတာ့ Rap Flow နဲ႔ စာသားေတြက က်ေနာ့္ကိုယ္ပိုင္လက္ရာပါ။ (သူမ်ားအေၾကာင္းလည္းမေျပာတတ္ပါဆိုတာက အရပ္ထဲမွာ ၾကားဖူးေနၾကစကားစုေပါ့ ) အဲတုန္းက လင္းပင္ဟိန္းရဲ႕ ကမာၻေအးလမ္းက Studio မွာတီးတာ။”

 

 

“က်ေနာ့္ဘဝ တေလွ်ာက္လုံး ေကာလဟလေရာ အေျပာခံရတာေရာမ်ားေတာ့ စိတ္အခ်ဥ္ေပါက္ၿပီးေရးထားတာ။ မွတ္မွတ္ယယ ကိုမ်ိဳးေက်ာ့အိမ္မွာ လုပ္စရာမရွိ ေငါင္ေနရင္း တထိုင္တည္း ေရးျဖစ္သြားတာ။ စေရးတုန္းက ဘာတီးလုံးမွမရွိေသးဘူ။း ဒီတိုင္းRap စာသားခ်ည္းပဲ။ က်ေနာ့္စိတ္ထဲမေတာ့ စာသားေတြကို အခုထိေက်နပ္ေနတုန္းပဲ ဂ်ာနယ္ဆိုတဲ့စကားလုံးေနရာကိုေတာ့ Facebook လို႔ေျပာင္းရမွာေပါ့ေနာ့။”

 

 

“ဒါ႐ိုက္တာေဇာ္ကိုကို႐ိုက္ပါတယ္ ရန္ကင္းက ခင္ဘုဏ္းတို႔အိမ္ေရွ႕လမ္းမွာသြား႐ိုက္ထားတာ။ က်ေနာ္တို႔ဟန္ပန္ေတြက အခုေခတ္မ်က္စိနဲ႔ေတာ့ တစ္မ်ိဳးျဖစ္ေနမယ္ ဒါေပမဲ့ အဲ့ဒီေခတ္တုန္းက အဲဒီ ဒီဇိုင္းေတြကို ယုံယုံၾကည္ၾကည္ ျမတ္ျမတ္ႏိုးႏိုးကို ဝတ္ၿပီး ႂကြယ္ခဲ့တာေပါ့ဗ်ာ။” ဆိုျပီး အမွတ္တရ ေျပာထားပါတယ္။ Cele Connections ပရိသတ္ၾကီးအတြက္လည္း စုိင္းစိုင္းရဲ့ ေပါက္ခဲ့တဲ့သီခ်င္း “စပ္မိစပ္ရာ”   ကို ျပန္လည္မွ်ေဝေပးလုိက္ပါတယ္ေနာ္။

 

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူငယ်တွေပါးစပ်ဖြားရေပန်းစားခဲ့တဲ့ “စပ်မိစပ်ရာ” သီချင်းဟာ ဘဝတစ်လျှောက်အပြောခံရတာတွေကို စိတ်အချဉ်ပေါက်ရေးထားတာဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်လို့ ဆိုလိုက်တာနဲ့ သက်ငယ်ပိုင်းကနေ သက်လတ်ပိုင်းအတွင်း ပရိသတ်တွေ တော်တော်များများ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေက နှစ်တွေဘယ်လောက်ပြောင်းပြောင်း ပရိသတ်တွေ ပါးစပ်ဖြားမှာ စွဲကျန်စေတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ ဒီနေ့မှာတော့ စိုင်းစိုင်းရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “စပ်မိစပ်ရာ” သီချင်း ဖြစ်ပေါ်လာပံိုကို စိုင်းစိုင်းက အခုလိုပဲ ပြောပြထားပါတယ်။

” “စပ်မိစပ်ရာ” သီချင်းက ၂၀၀၅ မှာထွက်တဲ့ စိုင်းစိုင်းဟုခေါ်သည်ထဲကပါ။ တီးလုံး Beat က အဆိုတော် “ရသ” တီးပေးထားတာဖြစ်ပြီတော့ Rap Flow နဲ့ စာသားတွေက ကျနော့်ကိုယ်ပိုင်လက်ရာပါ။ (သူများအကြောင်းလည်းမပြောတတ်ပါဆိုတာက အရပ်ထဲမှာ ကြားဖူးနေကြစကားစုပေါ့ ) အဲတုန်းက လင်းပင်ဟိန်းရဲ့ ကမ္ဘာအေးလမ်းက Studio မှာတီးတာ။”

“ကျနော့်ဘဝ တလျှောက်လုံး ကောလဟလရော အပြောခံရတာရောများတော့ စိတ်အချဉ်ပေါက်ပြီးရေးထားတာ။ မှတ်မှတ်ယယ ကိုမျိုးကျော့အိမ်မှာ လုပ်စရာမရှိ ငေါင်နေရင်း တထိုင်တည်း ရေးဖြစ်သွားတာ။ စရေးတုန်းက ဘာတီးလုံးမှမရှိသေးဘူ။း ဒီတိုင်းRap စာသားချည်းပဲ။ ကျနော့်စိတ်ထဲမတော့ စာသားတွေကို အခုထိကျေနပ်နေတုန်းပဲ ဂျာနယ်ဆိုတဲ့စကားလုံးနေရာကိုတော့ Facebook လို့ပြောင်းရမှာပေါ့နော့။”

“ဒါရိုက်တာဇော်ကိုကိုရိုက်ပါတယ် ရန်ကင်းက ခင်ဘုဏ်းတို့အိမ်ရှေ့လမ်းမှာသွားရိုက်ထားတာ။ ကျနော်တို့ဟန်ပန်တွေက အခုခေတ်မျက်စိနဲ့တော့ တစ်မျိုးဖြစ်နေမယ် ဒါပေမဲ့ အဲ့ဒီခေတ်တုန်းက အဲဒီ ဒီဇိုင်းတွေကို ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုးကို ဝတ်ပြီး ကြွယ်ခဲ့တာပေါ့ဗျာ။” ဆိုပြီး အမှတ်တရ ပြောထားပါတယ်။ Cele Connections ပရိသတ်ကြီးအတွက်လည်း စိုင်းစိုင်းရဲ့ ပေါက်ခဲ့တဲ့သီချင်း “စပ်မိစပ်ရာ” ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!