ရႈတင္မိတ္ကပ္လိုက္လိမ္းစဥ္ကာလက ေကြၽးေမြးေထာက္ပံ့ခဲ့တဲ့ ေဒြးရဲ႕ ေက်းဇူးတရားေတြကို ေအာက္ေမ့စြာနဲ႔ သတိတရေျပာလာတဲ့ ညီညီေမာင္ (စမ္းေခ်ာင္း)

မင္းသားႀကီး ေဒြးက သူခ်စ္တဲ့ ပရိသတ္ေတြအကုန္လုံးကို အၿပီးတိုင္ ႏႈတ္ဆက္ထြက္ခြာသြားတာ အခုဆိုရင္   ဆယ္စုႏွစ္တစ္စု မကေတာ့ပါဘူး။ ေဒြးကို ခ်စ္ၾကတဲ့ ပရိသတ္ေတြ၊ မိသားစုေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကေတာ့ သြားေလသူ ေဒြးကို ဒီေန႔ဒီအခ်ိန္ထိ ေမ့လို႔မရႏိုင္ေသးပါဘူး။ နာမည္ႀကီး မိတ္ကပ္ဆရာတစ္ေယာက္ျဖစ္တဲ့ ညီညီေမာင္ (စမ္းေခ်ာင္း) ကလည္း သူ မိတ္ကပ္စလိမ္းကာစ ဘဝတုန္းက ေက်းဇူးရွိခဲ့တဲ့ ေဒြးရဲ႕အေၾကာင္းကို အခုလို အမွတ္တရေျပာျပလာပါတယ္။

 

 

“႐ုပ္ရွင္ေလာကကို မိတ္ကပ္လိုက္ျပင္ျဖစ္ေတာ့ လိုက္ရတဲ့ မင္းသမီးကလဲ အဲ့ေခတ္က အကယ္ဒမီ မင္းသမီးဆိုေတာ့ ႐ုပ္ရွင္ကားႀကီးဆို ကိုသားႀကီး ကိုလြင္မိုး ဦးေက်ာ္ ေက်ာ္ဟိန္း တို႔နဲ႔ ကအၿမဲဆုံျဖစ္ပါတယ္ ေနာက္ပိုင္းေတာ့ အန္ကယ္ေလး ကိုလူမင္း ခန႔္စည္သူ မင္းေမာ္ကြန္း စသည္ျဖင့္ေပါ့ေလ မိုးတြင္းဆိုရင္ ပုဂံ ပုပၸါး ဘက္အ႐ိုက္မ်ားၿပီး ေႏြဆိုရင္ ေမၿမိဳ႕ တက္႐ိုက္က်တာမ်ားပါတယ္ က်န္တဲ့ အခ်ိန္ဆိုရင္ေတာ့ ရန္ကုန္မွာပဲ႐ိုက္ျဖစ္တာမ်ားပါတယ္။”

 

 

“ကိုသားႀကီးက စက္အဖြဲ႕ေတြကို လဲ အၿမဲမုန္ဖိုးေပးသလို ႀကဳံရင္ႀကဳံသလို မိတ္ကပ္ ဆရာ အေျခာက္မေလးေတြလဲ မုန႔္ဖိုးေပးပါတယ္ ၅၀၀၀၊ ၁၀၀၀၀ စသည္ျဖင့္ေပါ့။ အဲေခတ္က ၅၀၀၀ ဆို က်မတို႔မိသားစု အဖိုး အေမ ညီမေလး က်မအပါဝင္ မိသားစု ေလးေယာက္တပတ္စာ ထမင္းဟင္းအိမ္စရိတ္ရပါတယ္ စိတ္ေကာင္းရွိတဲ့အကိုပါ အၿမဲလည္းမုန႔္ဖိုးေပးပါတယ္။ အဲေခတ္က ကား႐ိုက္ေၾကး တကား ၃၀၀၀၀ ရပါတယ္။ မနည္းပါဘူး။ ဆိုင္ကိုျပန္အပ္ရပါတယ္။ ၁၀ကားစာတခါထုတ္ရင္ ၃သိန္းရပါတယ္ ဆိုင္ကိုျပန္အပ္ရင္႐ူတင္လိုက္ခ ၅ ေသာင္း ျပန္ရပါတယ္။ ႐ုပ္ရွင္ ၁၀ကား လိုက္ထားတာဆိုေတာ့ ၄ လ ေက်ာ္ေလာက္ၾကာပါတယ္ အိမ္စရိတ္ မေလာက္ဖူးေပါ့။

 

 

“ရွင္လြယ္လြယ္ေျပာရရင္ အေမေဆးဖိုး ညီမေက်ာင္းစရိတ္ အဖိုးနဲ႔ မိသားစု စားစရိတ္ေတြက ရွိေသးတယ္မလား ဒါေတာင္ တိုက္ခန္းေလးက ၇လႊာမွာ အပိုင္ရွိလိုေတာ္ပါေသးတယ္။ ေျပာခ်င္တာကေတာ့ ကိုသားႀကီးနဲ႔ ကား႐ိုက္ရင္ မုန႔္ဖိုးအပိုေလးရေတာ့ အသက္ရႉေခ်ာင္ တာေလးကိုေျပာခ်င္တာပါ။ မလတ္ကေတာ့ မသိရွာပါဘူး။ တကား ၃ေသာင္း ဆို တခါထုပ္ ၁၀ကားစာ သုံးသိန္းရတယ္ပဲထင္ေနတာ။ အဲေခတ္က ေ႐ႊတက်ပ္သား ၅ေသာင္းေခတ္ ေလ သုံးေသာင္းဆိုတာအမ်ားႀကီး။ ကိုယ္ကျပန္ရတာတကားစာ၅၀၀၀ ဆိုင္ကျဖတ္တာ ၂၅၀၀၀ မိတ္ကပ္ဆံပင္ပစၥည္းေတြေတာ့ေပးပါတယ္ ဒါေတြမတြက္ပါဘူး ႐ူတင္လိုက္ခ်င္တာကို ကိုယ္လိုက္ရတဲ့ မင္းသမီး ကလဲ ကိုယ္ဘလိုျပင္ျပင္ သည္းခံေပးေတာ့ ေပ်ာ္တာေပါ့ေလ။ မေလာက္မင ပိုက္ဆံလိုလဲ ရွိတဲ့ ေ႐ႊတိုေ႐ႊစ စတီးခ်ိဳင့္ကစ အေပါင္ဆိုင္ပို႔ ႐ူတင္လိုက္ခဲ့တဲ့ ႐ူတင္႐ူးမေလးပါေနာ္။”

 

 

“ကိုသားႀကီးနဲ႔ ဟိုတယ္ အတူတူတည္းရတာလဲမ်ားပါတယ္။ ကိုသားႀကီး ဟိုတယ္က ထြက္သြားၿပီး ျပန္လာၿပီဆို အကိုေရေမႊးနံက ဟိုတယ္တခုလုံးေမႊးႀကိဳင္ေနေလေရာ။ အဲ့ေခတ္ထဲ ကနာမည္ႀကီး ေယာက်ာ္းဆန္ေသာ အနံ ေရေမႊးထင္ပါတယ္။ အသုံးေဆာင္အေနထိုင္ကလည္း သန႔္မွသန႔္ အဓိက က ကိုသားႀကီးရဲ႕မ်က္လုံးပဲ ၾကည့္လိုက္တာနဲ႔ စကားေျပာေနသလိုလို ကိုယ္ေတြကေတာ့ ၾကည့္ေတာင္ခိုးပဲ့ၾကည္ရဲပါတယ္။ ကူညီတက္တယ္စိတိေကာင္းရွိတဲ အကို အေစာႀကီးေႂကြလြင့္သြားလို ႏွေမ်ာမိတာအမွန္ပါ။ ဒီphoto ေလးကေတာ့ ႐ူတင္အၿပီး အကိုေမြးေန႔ ေမၿမိဳ႕မွာစားက်ေသာက္က်တာ ဒါ႐ိုက္တာေမာင္မ်ိဳးမင္း ႐ိုက္တာပဲ အဲ့ကားနာမည္ေတာ့မမွတ္မိေတာ့ဘူး ဗိဒီ႐ို ကိုသားႀကီးမနႏၵာ တင့္တင့္ထြန္း တို႔နဲ႔႐ိုက္တာ အရင္တုန္းကဆို ႐ူတင္ေတြမွာ စည္းစည္းလုံးလုံးနဲ႔ေပ်ာ္ဖို႔ေကာင္းလိုက္တာအလုပ္ၿပီးရင္အားလုံးမိသားစုလိုပါပဲရွင္။ တလုပ္စားဖူးသူ႔ေက်းဇူး ကိုသားႀကီး ေကာင္းရာမြန္ရာဘုံဘဝမွာ စံစားေနရမယ္ဆိုတာယုံၾကည္ပါတယ္” ဆိုၿပီး အမွတ္တရေတြ ေျပာျပထားပါတယ္။   ညီညီေမာင္ရဲ႕ အမွတ္တရစကားေတြေၾကာင့္ ပရိသတ္ႀကီးလည္း ေဒြးကို ျပန္လည္သတိရေအာက္ေမ့သြားမယ္ ထင္ပါတယ္ေနာ္။

 

 

Source: Nyi Nyi Maung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရှုတင်မိတ်ကပ်လိုက်လိမ်းစဉ်ကာလက ကျွေးမွေးထောက်ပံ့ခဲ့တဲ့ ဒွေးရဲ့ ကျေးဇူးတရားတွေကို အောက်မေ့စွာနဲ့ သတိတရပြောလာတဲ့ ညီညီမောင် (စမ်းချောင်း)

မင်းသားကြီး ဒွေးက သူချစ်တဲ့ ပရိသတ်တွေအကုန်လုံးကို အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားတာ အခုဆိုရင် ဆယ်စုနှစ်တစ်စု မကတော့ပါဘူး။ ဒွေးကို ချစ်ကြတဲ့ ပရိသတ်တွေ၊ မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သွားလေသူ ဒွေးကို ဒီနေ့ဒီအချိန်ထိ မေ့လို့မရနိုင်သေးပါဘူး။ နာမည်ကြီး မိတ်ကပ်ဆရာတစ်ယောက်ဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း) ကလည်း သူ မိတ်ကပ်စလိမ်းကာစ ဘဝတုန်းက ကျေးဇူးရှိခဲ့တဲ့ ဒွေးရဲ့အကြောင်းကို အခုလို အမှတ်တရပြောပြလာပါတယ်။

“ရုပ်ရှင်လောကကို မိတ်ကပ်လိုက်ပြင်ဖြစ်တော့ လိုက်ရတဲ့ မင်းသမီးကလဲ အဲ့ခေတ်က အကယ်ဒမီ မင်းသမီးဆိုတော့ ရုပ်ရှင်ကားကြီးဆို ကိုသားကြီး ကိုလွင်မိုး ဦးကျော် ကျော်ဟိန်း တို့နဲ့ ကအမြဲဆုံဖြစ်ပါတယ် နောက်ပိုင်းတော့ အန်ကယ်လေး ကိုလူမင်း ခန့်စည်သူ မင်းမော်ကွန်း စသည်ဖြင့်ပေါ့လေ မိုးတွင်းဆိုရင် ပုဂံ ပုပ္ပါး ဘက်အရိုက်များပြီး နွေဆိုရင် မေမြို့ တက်ရိုက်ကျတာများပါတယ် ကျန်တဲ့ အချိန်ဆိုရင်တော့ ရန်ကုန်မှာပဲရိုက်ဖြစ်တာများပါတယ်။”

“ကိုသားကြီးက စက်အဖွဲ့တွေကို လဲ အမြဲမုန်ဖိုးပေးသလို ကြုံရင်ကြုံသလို မိတ်ကပ် ဆရာ အခြောက်မလေးတွေလဲ မုန့်ဖိုးပေးပါတယ် ၅၀၀၀၊ ၁၀၀၀၀ စသည်ဖြင့်ပေါ့။ အဲခေတ်က ၅၀၀၀ ဆို ကျမတို့မိသားစု အဖိုး အမေ ညီမလေး ကျမအပါဝင် မိသားစု လေးယောက်တပတ်စာ ထမင်းဟင်းအိမ်စရိတ်ရပါတယ် စိတ်ကောင်းရှိတဲ့အကိုပါ အမြဲလည်းမုန့်ဖိုးပေးပါတယ်။ အဲခေတ်က ကားရိုက်ကြေး တကား ၃၀၀၀၀ ရပါတယ်။ မနည်းပါဘူး။ ဆိုင်ကိုပြန်အပ်ရပါတယ်။ ၁၀ကားစာတခါထုတ်ရင် ၃သိန်းရပါတယ် ဆိုင်ကိုပြန်အပ်ရင်ရူတင်လိုက်ခ ၅ သောင်း ပြန်ရပါတယ်။ ရုပ်ရှင် ၁၀ကား လိုက်ထားတာဆိုတော့ ၄ လ ကျော်လောက်ကြာပါတယ် အိမ်စရိတ် မလောက်ဖူးပေါ့။

“ရှင်လွယ်လွယ်ပြောရရင် အမေဆေးဖိုး ညီမကျောင်းစရိတ် အဖိုးနဲ့ မိသားစု စားစရိတ်တွေက ရှိသေးတယ်မလား ဒါတောင် တိုက်ခန်းလေးက ၇လွှာမှာ အပိုင်ရှိလိုတော်ပါသေးတယ်။ ပြောချင်တာကတော့ ကိုသားကြီးနဲ့ ကားရိုက်ရင် မုန့်ဖိုးအပိုလေးရတော့ အသက်ရှူချောင် တာလေးကိုပြောချင်တာပါ။ မလတ်ကတော့ မသိရှာပါဘူး။ တကား ၃သောင်း ဆို တခါထုပ် ၁၀ကားစာ သုံးသိန်းရတယ်ပဲထင်နေတာ။ အဲခေတ်က ရွှေတကျပ်သား ၅သောင်းခေတ် လေ သုံးသောင်းဆိုတာအများကြီး။ ကိုယ်ကပြန်ရတာတကားစာ၅၀၀၀ ဆိုင်ကဖြတ်တာ ၂၅၀၀၀ မိတ်ကပ်ဆံပင်ပစ္စည်းတွေတော့ပေးပါတယ် ဒါတွေမတွက်ပါဘူး ရူတင်လိုက်ချင်တာကို ကိုယ်လိုက်ရတဲ့ မင်းသမီး ကလဲ ကိုယ်ဘလိုပြင်ပြင် သည်းခံပေးတော့ ပျော်တာပေါ့လေ။ မလောက်မင ပိုက်ဆံလိုလဲ ရှိတဲ့ ရွှေတိုရွှေစ စတီးချိုင့်ကစ အပေါင်ဆိုင်ပို့ ရူတင်လိုက်ခဲ့တဲ့ ရူတင်ရူးမလေးပါနော်။”

“ကိုသားကြီးနဲ့ ဟိုတယ် အတူတူတည်းရတာလဲများပါတယ်။ ကိုသားကြီး ဟိုတယ်က ထွက်သွားပြီး ပြန်လာပြီဆို အကိုရေမွှေးနံက ဟိုတယ်တခုလုံးမွှေးကြိုင်နေလေရော။ အဲ့ခေတ်ထဲ ကနာမည်ကြီး ယောကျာ်းဆန်သော အနံ ရေမွှေးထင်ပါတယ်။ အသုံးဆောင်အနေထိုင်ကလည်း သန့်မှသန့် အဓိက က ကိုသားကြီးရဲ့မျက်လုံးပဲ ကြည့်လိုက်တာနဲ့ စကားပြောနေသလိုလို ကိုယ်တွေကတော့ ကြည့်တောင်ခိုးပဲ့ကြည်ရဲပါတယ်။ ကူညီတက်တယ်စိတိကောင်းရှိတဲ အကို အစောကြီးကြွေလွင့်သွားလို နှမျောမိတာအမှန်ပါ။ ဒီphoto လေးကတော့ ရူတင်အပြီး အကိုမွေးနေ့ မေမြို့မှာစားကျသောက်ကျတာ ဒါရိုက်တာမောင်မျိုးမင်း ရိုက်တာပဲ အဲ့ကားနာမည်တော့မမှတ်မိတော့ဘူး ဗိဒီရို ကိုသားကြီးမနန္ဒာ တင့်တင့်ထွန်း တို့နဲ့ရိုက်တာ အရင်တုန်းကဆို ရူတင်တွေမှာ စည်းစည်းလုံးလုံးနဲ့ပျော်ဖို့ကောင်းလိုက်တာအလုပ်ပြီးရင်အားလုံးမိသားစုလိုပါပဲရှင်။ တလုပ်စားဖူးသူ့ကျေးဇူး ကိုသားကြီး ကောင်းရာမွန်ရာဘုံဘဝမှာ စံစားနေရမယ်ဆိုတာယုံကြည်ပါတယ်” ဆိုပြီး အမှတ်တရတွေ ပြောပြထားပါတယ်။ ညီညီမောင်ရဲ့ အမှတ်တရစကားတွေကြောင့် ပရိသတ်ကြီးလည်း ဒွေးကို ပြန်လည်သတိရအောက်မေ့သွားမယ် ထင်ပါတယ်နော်။

Source: Nyi Nyi Maung’s fb
Bilie – Cele Connections

error: Alert: Content is protected !!