Source : G-Fatt
ယူနီကုတ်ဖြင့်ဖတ်ရန်
” ရည်းစားဟောင်းကို လွမ်းလို့ အိပ်မပျော်တာလားလို့ ပရိသတ်တစ်ယောက်ရဲ့ မေးခွန်းကို ပညာသားပါပါ ဖြေလိုက်တဲ့ G -Fatt ”
CeleConnections ပရိသတ်ကြီးရေ G-Fatt ကတော့ ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းစာသားတွေဟာ သူကိုယ်တိုင်ရေးစပ်ထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ကိုထိရှစေတဲ့စာသားတွေကို ရေးစပ်နိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။
လက်ရှိမှာတော့G-Fattရဲ့အချစ်ရေးကတော့ Singleအဖြစ်နဲ့ ပေါ့ပါးပျော်ရွှင်စွာနေထိုင်နေပြီး အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ Covid19 နဲ့ပတ်သက်ပြီး သူ့ရဲ့Fanတွေကိုlive လွှင့်သတိပေးစကားညတိုင်းပြောကြားခဲ့ကာ ပရိသတ်တွေကိုသူ့ရဲ့အနုပညာအားနဲ့ စိတ်အပန်းဖြေစေဖို့အတွက်ဖျော်​​ဖြေမှုတွေပြုလုပ်လျက်ရှိတဲ့သူတစ်ယောက်ပါ။
သူငယ်ချင်းတွေနဲ့လည်း ပေါ့ပါး ပျော်ရွှင်စွာနေထိုင်တတ်သူတစ်ယောက်ဖြစ်တဲ့ G -fatt က​တော့ ခုနောက်ပိုင်းမှာ ပရိသတ်တွေကို အချိန်ပိုပေးဖြစ်နေ​တာတွေ့ရပါတယ်။ ဒီနေ့မှာတော့ ညဘက်တွေအိပ်မပျော်ဖြစ်နေကြောင်း G fattတင်ခဲ့တဲ့ စတေးတပ်တစ်ခုမှာ သူ့ရဲ့ ပရိသတ်တစ်ယောက်က ရည်းစားဟောင်းကိုလွမ်းလို့အိပ်မပျော်တာလားလို့ မေးခွန်းထုတ်မှတ်ချက် ပေးခဲ့တာကို G -fatt ကတော့ ” ငါတို့က လူသား​တွေကို မလွမ်းဘူး ” ဆိုတဲ့ စာလေးနဲ့ အရွှန်းဖောက်ကာ ပညာသားပါပါ ဖြေခဲ့တာပဲ ဖြစ်ပါတယ်။CeleConnectionsပရိသတ်ကြီးရော G -Fatt ရဲ့ ပညာသားပါပါဖြေတတ်ပုံကိုသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : G-Fatt
Candy -CeleConnections
error: Alert: Content is protected !!