ပံုေကာင္းတစ္ပံုရဖို့ ျပဳတ္က်ရင္ေသေလာက္တဲ့ ေခ်ာက္ၾကီးကို မသိခ်င္ေယာင္ေဆာင္ျပီး စြန့္စြန့္စားစား ၾကိဳးစားခဲ့ရေၾကာင္း မွ်ေဝလာတဲ့ သက္မြန္ျမင့္

ခ်င္းတိုင္းရင္းသူေလး သက္မြန္ျမင့္ဟာ အသံဝဲဝဲေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ မင္းသမီးေလးတစ္လက္ပဲ ျဖစ္ပါတယ္။ သက္မြန္ျမင့္က သူမရဲ့ အႏုပညာသက္တမ္း ႏွစ္(၂၀) တစ္ေလၽွာက္ ေအာင္ျမင္မွုေတြ မ်ားစြာ ရရွိပိုင္ဆိုင္ခဲ့ၿပီး ပရိသတ္အားေပးမွုကို အခိုင္အမာ ပိုင္ဆိုင္ထားသူေလးပါ။ ဒါ့အျပင္ သက္မြန္ျမင့္က “အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ “ခ်စ္လွစြာေသာအမုန္း” စတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးန႔ဲ အကယ္ဒမီဆုေတြကို ပိုင္ဆိုင္ထားသူေလးလည္း ျဖစ္ပါတယ္။

 

 

အနုပညာလုပ္ငန္းေတြ အားလပ္ခ်ိန္မွာ ခရီးေတြထြက္တတ္တဲ့ သက္မြန္ျမင့္က ဒီေန့မွာေတာ့ သူမရဲ့ ခရီးသြားမွတ္တမ္းေတြထဲက အမွတ္တရတစ္ခုကို အခုလိုပဲ ေျပာျပလာပါတယ္။ သက္မြန္ျမင့္က “ပုံအလွေလးေတြ ရဖို႔ ဘယ္လို စြန႔္စားရသလဲဆိုေတာ့ ႐ိုက္ခ်င္ေတာ့ ရေအာင္တြယ္တက္ရတာေပါ့။ ဟိုဘက္ကို မၾကည့္ရဲဘူး။ က်ရင္ ေသေလာက္တဲ့ ကမ္းပါးကို မသ္ိခ်င္ေယာင္ေဆာင္ၿပီး ေၾကာက္တဲ့မ်က္ႏွာပိုးကိုသတ္ၿပီး ပဲေပးရတာပါဆို။ ခရီးသြားတုန္းက အိမ္ကို လြမ္းတယ္။ အိမ္မွာ ေနရေတာ့ ခရီးသြားခ်င္တယ္။ ဒါ လူ႔စိတ္သဘာဝ” ျပီး ေျပာျပလာပါတယ္။

 

 

ဓာတ္ပံုရိုက္ရင္ လွခ်င္ေဇာနဲ့ ဘာကိုမွ မသိေတာ့တာ မိန္းကေလးေတြရဲ့ သဘာဝပဲမို့ သက္မြန္ျမင့္လည္း အရဲစြန့္ျပီး ဓာတ္ပံုရိုက္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ သက္မြန္ျမင့္လို ေၾကာက္ေပမယ့္လည္း လွခ်င္စိတ္နဲ့ ဓာတ္ပံုရိုက္ခဲ့တဲ့ အမွတ္တရေတြရိွလား ေျပာျပခဲ့ပါဦးေနာ္။

 

Source: Thet Mon Myint’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပုံကောင်းတစ်ပုံရဖို့ ပြုတ်ကျရင်သေလောက်တဲ့ ချောက်ကြီးကို မသိချင်ယောင်ဆောင်ပြီး စွန့်စွန့်စားစား ကြိုးစားခဲ့ရကြောင်း မျှဝေလာတဲ့ သက်မွန်မြင့်

ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်ဟာ အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က သူမရဲ့ အနုပညာသက်တမ်း နှစ်(၂၀) တစ်လျှောက် အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ပိုင်ဆိုင်ထားသူလေးပါ။ ဒါ့အပြင် သက်မွန်မြင့်က “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “ချစ်လှစွာသောအမုန်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေ အားလပ်ချိန်မှာ ခရီးတွေထွက်တတ်တဲ့ သက်မွန်မြင့်က ဒီနေ့မှာတော့ သူမရဲ့ ခရီးသွားမှတ်တမ်းတွေထဲက အမှတ်တရတစ်ခုကို အခုလိုပဲ ပြောပြလာပါတယ်။ သက်မွန်မြင့်က “ပုံအလှလေးတွေ ရဖို့ ဘယ်လို စွန့်စားရသလဲဆိုတော့ ရိုက်ချင်တော့ ရအောင်တွယ်တက်ရတာပေါ့။ ဟိုဘက်ကို မကြည့်ရဲဘူး။ ကျရင် သေလောက်တဲ့ ကမ်းပါးကို မသိချင်ယောင်ဆောင်ပြီး ကြောက်တဲ့မျက်နှာပိုးကိုသတ်ပြီး ပဲပေးရတာပါဆို။ ခရီးသွားတုန်းက အိမ်ကို လွမ်းတယ်။ အိမ်မှာ နေရတော့ ခရီးသွားချင်တယ်။ ဒါ လူ့စိတ်သဘာဝ” ပြီး ပြောပြလာပါတယ်။

ဓာတ်ပုံရိုက်ရင် လှချင်ဇောနဲ့ ဘာကိုမှ မသိတော့တာ မိန်းကလေးတွေရဲ့ သဘာဝပဲမို့ သက်မွန်မြင့်လည်း အရဲစွန့်ပြီး ဓာတ်ပုံရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော သက်မွန်မြင့်လို ကြောက်ပေမယ့်လည်း လှချင်စိတ်နဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ အမှတ်တရတွေရှိလား ပြောပြခဲ့ပါဦးနော်။

Source: Thet Mon Myint’s fb
Bilie – Cele Connections

error: Alert: Content is protected !!