ပရိသတ္ေတြ ေဝဖန္မႈမ်ားေနတဲ့ “အခ်စ္ဖြဲ့ေလညွင္း” ဇာတ္ကားထဲက တိုင္းရင္းသားစကားေလသံအေၾကာင္းကို ရွင္းျပလာတဲ့ သိဂႌထြန္း

လက္ရိွ MRTV 4 ရုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတဲ့ “အခ်စ္ဖြဲ့ေလညွင္း” ဇာတ္လမ္းတြဲကို ညစဥ္ညတိုင္း အားေပးၾကမယ့္ သူေတြရိွမယ္ ထင္ပါတယ္။ “အခ်စ္ဖြဲ့ေလညွင္း” ဇာတ္လမ္းတြဲက ဒရမ္မာဇာတ္လမ္းေကာင္းတစ္ခုျဖစ္ျပီး ပါဝင္ထားၾကတဲ့ သရုပ္ေဆာင္ေတြကလည္း က်ရာကာရုိက္တာကို အံဝင္ခြင္က်ျဖစ္ေအာင္ သရုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြၾကားမွာ ေတာင္ေပၚတိုင္းရင္းသူတစ္ေယာက္အျဖစ္ သရုပ္ေဆာင္တဲ့ မင္းသမီး သိဂႌထြန္းဟာ အိုဗာအိုက္တင္ျဖစ္ေနတယ္ဆိုတဲ့ ေဝဖန္မႈေတြ ရိွေနတာပဲ ျဖစ္ပါတယ္။

 

 

ထိုေဝဖန္မႈနဲ့ ပက္သတ္ျပီး သိဂႌထြန္းက “Commentေတြနဲ႔shareၾကတဲ့သူေတြကိုေက်းဇူးအထူးတင္ပါတယ္။ ဓႏုသံကိုမွ ေပြးလွဓႏုသံမ်ိဳး ကိုယ့္ရပ္ကိုယ့္ေဒသခ်စ္တဲ့သူက ကိုယ့္စကားကိုအေလးထားၾကတာ။ ဓႏုဟာ ရွမ္းမ်ိဳးႏြယ္ဆိုေပမဲ့ ရွမ္းသံနဲ႔မတူပါ။ က်မအေမကိုယ္ကရွမ္းေစာ္ဘြားႏြယ္ပါ။ ဓႏုကဓႏုအသံပါ။ ေပြးလွပင္းတယ ၿမိဳ႕ရဲ႕႐ြာေတြမွာဒီအတိုင္းပါရွင္။ ေဝဖန္ေပးၾကတာကိုလက္ခံပါတယ္ရွင္။ က်န္းမာထီေပါက္နိဗၺာန္ေရာက္ပါေစလို႔ေတာင္းဆုျပဳပါတယ္။” ဆိုျပီး တုန့္ျပန္ထားတာကို ေတြ့ရပါတယ္။

 

 

သိဂႌထြန္းကေတာ့ အနုပညာေလာကမွာ နွစ္ေပါင္းအေတာ္ၾကာ ရပ္တည္လာနိုင္သူျဖစ္ျပီး သူမ သရုပ္ေဆာင္ရတဲ့ ဇာတ္ရုပ္တိုင္းကို အေကာင္းဆံုး ေလ့လာျပီး သရုပ္ေဆာင္သူတစ္ေယာက္ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို Cele Connections မွ ေက်းဇူးတင္ရိွပါတယ္။

 

 

Source: Theingi Tun’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေ ဝေဖန်မှုများနေတဲ့ “အချစ်ဖွဲ့လေညှင်း” ဇာတ်ကားထဲက တိုင်းရင်းသားစကားလေသံအကြောင်းကို ရှင်းပြလာတဲ့ သိင်္ဂီထွန်း

လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲကို ညစဉ်ညတိုင်း အားပေးကြမယ့် သူတွေရှိမယ် ထင်ပါတယ်။ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲက ဒရမ်မာဇာတ်လမ်းကောင်းတစ်ခုဖြစ်ပြီး ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း ကျရာကာရိုက်တာကို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကြားမှာ တောင်ပေါ်တိုင်းရင်းသူတစ်ယောက်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး သိင်္ဂီထွန်းဟာ အိုဗာအိုက်တင်ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

ထိုဝေဖန်မှုနဲ့ ပက်သတ်ပြီး သိင်္ဂီထွန်းက “Commentတွေနဲ့shareကြတဲ့သူတွေကိုကျေးဇူးအထူးတင်ပါတယ်။ ဓနုသံကိုမှ ပွေးလှဓနုသံမျိုး ကိုယ့်ရပ်ကိုယ့်ဒေသချစ်တဲ့သူက ကိုယ့်စကားကိုအလေးထားကြတာ။ ဓနုဟာ ရှမ်းမျိုးနွယ်ဆိုပေမဲ့ ရှမ်းသံနဲ့မတူပါ။ ကျမအမေကိုယ်ကရှမ်းစော်ဘွားနွယ်ပါ။ ဓနုကဓနုအသံပါ။ ပွေးလှပင်းတယ မြို့ရဲ့ရွာတွေမှာဒီအတိုင်းပါရှင်။ ဝေဖန်ပေးကြတာကိုလက်ခံပါတယ်ရှင်။ ကျန်းမာထီပေါက်နိဗ္ဗာန်ရောက်ပါစေလို့တောင်းဆုပြုပါတယ်။” ဆိုပြီး တုန့်ပြန်ထားတာကို တွေ့ရပါတယ်။

သိင်္ဂီထွန်းကတော့ အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ ရပ်တည်လာနိုင်သူဖြစ်ပြီး သူမ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံး လေ့လာပြီး သရုပ်ဆောင်သူတစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို Cele Connections မှ ကျေးဇူးတင်ရှိပါတယ်။

Source: Theingi Tun’s fb
Bilie – Cele Connections

error: Alert: Content is protected !!