

 

 


 


ယူနီကုတ်ဖြင့်ဖတ်ရန်

” ပထမဆုံးTikTok စဆော့ခဲ့တဲ့ အတွေ့အကြုံလေးကိုလည်း အရွှန်းဖောက်ကာပြောပြလာတဲ့ တေးရေးဝေကြီးရဲ့ ဗီဒီယိုဖိုင်”

CeleConnectionsပရိသတ်ကြီးရေ တေးရေးဝေ​ကြီးကတော့ အနုပညာရှင်အဆိုတော်တွေရဲ့ လက်စွဲတော်တေးရေးဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ တေးရေးဝေကြီးရေးစပ်ခဲ့တဲ့ အလွမ်းသီချင်းတိုင်းကတော့ပရိသတ်တွေပါးစပ်ဖျားမှာစွဲကာ ရင်ထဲထိရောက်စေတဲ့ စာသားတွေနဲ့ ရေးစပ်သီကုံးထားတယ်လို့​ဆိုရမှာပါ။

ဒါ့အပြင်တေးရေးဝေကြီးကတော့ သီချင်းရေးစပ်တာ ထူးချွန်ပြောင်မြောက်တဲ့အပြင် တေးရေးဆရာအပြင်သီချင်းသီဆိုရာမှာလည်း ချိုသာတဲ့အသံကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်သီဆိုတဲ့သီချင်းတွေကိုလည်း ပရိသတ်တွေက​ ​သဘောကျအားပေးကြတာပါပဲနော်။

အခုလို Covid 19 ရောဂါကပ်ဆိုးကြီး ဖြစ်ပွားနေတဲ့အချိန်မှာ အိမ်မှာနေရင်း ပထမဆုံး TikTokစဆော့ခဲ့ကြောင်းကို TikTokလေးနဲ့ ပြောခဲ့တာဖြစ်ပြီးပထမဆုံးစဆော့တဲ့ သူ့ရဲ့အတွေ့အကြုံလေးကိုလည်း အရွှန်းဖောက်ကာပြောပြထားပါသေးတယ်။CeleConnectionsပရိသတ်ကြီးလည်းTikTokစဆော့တဲ့အချိန်မှာ တေးရေးဝေကြီးနဲ့အဖြစ်တူတဲ့သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source: nyeinchanthaw’s tiktok
Candy -CeleConnections

error: Alert: Content is protected !!