

 

 

 


 

 


 

 

Source. : Khin Thazin
ယူနီကုတ်ဖြင့်ဖတ်ရန်

“တစ်စုံတစ်ယောက်ကို မလွမ်းမိအောင် နှလုံးသားကို Lock down ချချင်တယ်ဆိုတဲ့ ခင်သဇင် ”

CeleConnections ပရိသတ်ကြီးရေ ခင်သဇင်ကတော့အမြဲပရဟိတအလုပ်တွေကို လုပ်ဆောင်တတ်တဲ့အပြင် အမြဲအနုပညာအလုပ်တွေကို ရရင်ရသလိုကြိုးစားလုပ်ကိုင်နေတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေစတင်သတိထားမိလာပြီး ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ ” ထာဝရနှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်အားဖြည့်ထားသူတစ်ယောက်ပါ။

ခင်သဇင်ကတော့ အနုပညာအလုပ်တွေသာမက ပညာရေးဘက်မှာလည်းထူးချွန်တဲ့ ပါရမီရှိသူတစ်ယောက်လို့ဆိုရမှာပါ။အားလပ်တဲ့အချိန်တွေမှာလည်း ပရဟိတအလုပ်တွေကိုလုပ်ကိုင်ပြီး တတ်မြောက်ထားတဲ့ ပညာတွေနဲ့ပြည်သူတွေကို အကျိုးပြုစေမယ့်အလုပ်တွေကိုလုပ်ဆောင်ရတာကြိုက်နှစ်သက်သူလေးလို့လဲသိရပါတယ်။ အခုနောက်ပိုင်း ကြော်ငြာတွေအပြင် အနုပညာပွဲတွေဆက်တိုက်တက်ရောက်ကာ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။

လက်ရှိသူမပါဝင်ထားတဲ့ ” အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းတွဲကြီးကလည်း MRTV -4 မှာပြသနေတာပဲ ဖြစ်ပါတယ်။ခင်သဇင်ကတော့ ဒီနေ့မှာ ” မင်းကို မလွမ်းမိအောင် နှလုံးသားကို Lock down ချလို့ရရင် အရမ်းကောင်းမှာပဲ …..” ဆိုတဲ့ စာလေးနဲ့ မိမိုက်နေတဲ အလှပုံရိပ်လေးတွေကိုတင်လာခဲ့တာပါ။ CeleConnections ပရိသတ်ကြီးလည်း ခင်သဇင်တစ်ယောက်ဘယ်သူ့ကိုလွမ်းနေတာလဲ ခန့်မှန်းမှတ်ချက်ပေးခဲ့ပါဦးနော်။

Source. : Khin Thazin
Candy. -CeleConnections

error: Alert: Content is protected !!