“ဆယ္စုနွစ္ၾကာေအာင္ လွပေနတဲ့ သူမရဲ႕ အလွေတြနဲ႕ ေျပာင္းလဲသြားတဲ့ အရာေလးတစ္ခုကို ခ်ျပလာတဲ့ ေအးျမတ္သူ”

က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ မင္းသမီးေခ်ာ ေအးျမတ္သူကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ အနုပညာေလာကမွာ ေမာ္ဒယ္ဘဝနဲ႕ စတင္ဝင္ေရာက္လာခဲ့ၿပီး သူမရဲ႕ အနုပညာအရည္အခ်င္းေတြကို ပရိသတ္ေတြ နွစ္ၿခိဳက္အားေပးမႈေတြ ရရွိေအာင္ အျမဲႀကိဳးပမ္းလုပ္ေဆာင္ေနတဲ့သူပဲျဖစ္ပါတယ္..။ လက္ရွိမွာ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ရရွိၿပီး အကယ္ဒမီထူးခၽြန္ဆုပိုင္ရွင္ မင္းသမီးတစ္လက္ျဖစ္လို႕ ေနပါၿပီ..။ ေအးျမတ္သူက ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္ျဖစ္ေပမယ့္ အေနတည္ကာ ေအးေဆးၿပီး အမ်ားအတြက္ဆို ပရဟိတအလုပ္ေတြကို ထိပ္ဆံုးကေန  ပါဝင္ကူညီတတ္တဲ့သူပါ..။

 

 

ပရိသတ္ေတြနဲ႕ အျမဲထိေတြ႕ ေျပာဆိုၿပီး ေပ်ာ္ရႊင္စြာ ဘဝကို ျဖတ္သန္းေနတဲ့ ေအးျမတ္သူက ဧၿပီလ (၂၅)ရက္ေန႕မွာေတာ့ ဆယ္စုနွစ္တစ္ခုအၾကာမွာ ေျပာင္းလဲသြားတဲ့ အရာေတြနဲ႕ မေျပာင္းလဲဘဲ ရွိေနတဲ့ အရာေလးေတြကို “ကိုယ္ကအစြဲအလန္းႀကီးသူပါခ်စ္သူ… ဘယ္အရာေတြကမွ ကိုယ့္ကို မေျပာင္းလဲေစႏိုင္ဘူး….။ ကိုယ့္အၿပဳံး….. ကိုယ့္အမူအယာ…ကိုယ့္ဟန္ပန္ နဲ႔ ကိုယ္တန္ဖိုးထားရတဲ့ အရာေတြ က ခုခ်ိန္ထိ အရင္အတိုင္းပါ…. ။ အခ်ိန္ေတြ ဘယ္လိုေျပာင္းေျပာင္း…… ဘယ္ေတာ့မွ မေျပာင္းလဲသြားတဲ့… ကၽြန္မအၿပဳံး… ကၽြန္မအသြင္သဏၭန္../ ကၽြန္မဟန္ပန္../ ကၽြန္မတန္ဖိုးထားတဲ့အရာ…./ အခ်စ္အေပၚတန္ဖိုးထားမႈ႕ ….. ေတြအတြက္ ကၽြန္မကို ကၽြန္မက်းဇူးတင္ေနခဲ့တယ္…။ မင္း သိပ္ခ်စ္တဲ့ ေကာင္မေလး က ခုခ်ိန္ထိ အခ်စ္ ကို တန္ဖိုးထားတက္ဆဲ အမ်ိဳးသမီးတေယာက္ အျဖစ္ အရင္အတိုင္း ေျပာင္းလဲ စြာ သူမ ေနရာမွာ သူမ တည္ရွိေနတယ္ ခ်စ္သူ.။

 

 

ဆယ္စုႏွစ္ တစ္ခု ေက်ာ္ေက်ာ္မွာ ကိုယ့္အခ်စ္က မေျပာင္းလဲဘူး…. ။ ကိုယ့္ခ်စ္သူသာ …. ေျပာင္းလဲသြားတာပါ.။” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ေအးျမတ္သူကေတာ့ သူမခ်စ္တဲ့သူသာ ေျပာင္းလဲသြားေပမယ့္ သူမရဲ႕ အျပံဳးနဲ႕ ဟန္ပန္ေတြကေတာ့ အရင္အတိုင္း ဆက္လက္ၿပီး တည္ရွိကာ လွပေနဆဲပဲလို႕ ေျပာလာတာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးေရာ မေျပာင္းလဲတဲ့ အလွေတြနဲ႕ ပိုလွလွလာတဲ့ ေအးျမတ္သူေလးကို အားေပးရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္..။
Source: Aye Myat Thu’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ဆယ်စုနှစ်ကြာအောင် လှပနေတဲ့ သူမရဲ့ အလှတွေနဲ့ ပြောင်းလဲသွားတဲ့ အရာလေးတစ်ခုကို ချပြလာတဲ့ အေးမြတ်သူ”

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော အေးမြတ်သူကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အနုပညာလောကမှာ မော်ဒယ်ဘဝနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး သူမရဲ့ အနုပညာအရည်အချင်းတွေကို ပရိသတ်တွေ နှစ်ခြိုက်အားပေးမှုတွေ ရရှိအောင် အမြဲကြိုးပမ်းလုပ်ဆောင်နေတဲ့သူပဲဖြစ်ပါတယ်..။ လက်ရှိမှာ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိပြီး အကယ်ဒမီထူးချွန်ဆုပိုင်ရှင် မင်းသမီးတစ်လက်ဖြစ်လို့ နေပါပြီ..။ အေးမြတ်သူက အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပေမယ့် အနေတည်ကာ အေးဆေးပြီး အများအတွက်ဆို ပရဟိတအလုပ်တွေကို ထိပ်ဆုံးကနေ ပါဝင်ကူညီတတ်တဲ့သူပါ..။

ပရိသတ်တွေနဲ့ အမြဲထိတွေ့ ပြောဆိုပြီး ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနေတဲ့ အေးမြတ်သူက ဧပြီလ (၂၅)ရက်နေ့မှာတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပြောင်းလဲသွားတဲ့ အရာတွေနဲ့ မပြောင်းလဲဘဲ ရှိနေတဲ့ အရာလေးတွေကို “ကိုယ်ကအစွဲအလန်းကြီးသူပါချစ်သူ… ဘယ်အရာတွေကမှ ကိုယ့်ကို မပြောင်းလဲစေနိုင်ဘူး….။ ကိုယ့်အပြုံး….. ကိုယ့်အမူအယာ…ကိုယ့်ဟန်ပန် နဲ့ ကိုယ်တန်ဖိုးထားရတဲ့ အရာတွေ က ခုချိန်ထိ အရင်အတိုင်းပါ…. ။ အချိန်တွေ ဘယ်လိုပြောင်းပြောင်း…… ဘယ်တော့မှ မပြောင်းလဲသွားတဲ့… ကျွန်မအပြုံး… ကျွန်မအသွင်သဏ္ဌန်../ ကျွန်မဟန်ပန်../ ကျွန်မတန်ဖိုးထားတဲ့အရာ…./ အချစ်အပေါ်တန်ဖိုးထားမှု့ ….. တွေအတွက် ကျွန်မကို ကျွန်မကျးဇူးတင်နေခဲ့တယ်…။ မင်း သိပ်ချစ်တဲ့ ကောင်မလေး က ခုချိန်ထိ အချစ် ကို တန်ဖိုးထားတက်ဆဲ အမျိုးသမီးတယောက် အဖြစ် အရင်အတိုင်း ပြောင်းလဲ စွာ သူမ နေရာမှာ သူမ တည်ရှိနေတယ် ချစ်သူ.။

ဆယ်စုနှစ် တစ်ခု ကျော်ကျော်မှာ ကိုယ့်အချစ်က မပြောင်းလဲဘူး…. ။ ကိုယ့်ချစ်သူသာ …. ပြောင်းလဲသွားတာပါ.။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ အေးမြတ်သူကတော့ သူမချစ်တဲ့သူသာ ပြောင်းလဲသွားပေမယ့် သူမရဲ့ အပြုံးနဲ့ ဟန်ပန်တွေကတော့ အရင်အတိုင်း ဆက်လက်ပြီး တည်ရှိကာ လှပနေဆဲပဲလို့ ပြောလာတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးရော မပြောင်းလဲတဲ့ အလှတွေနဲ့ ပိုလှလှလာတဲ့ အေးမြတ်သူလေးကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်..။
Source: Aye Myat Thu’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!