

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“စစ်ကုန်းကျေးရွာ ကရုဏာလုလင် ပရဟိတာကြက်ခြေနီအသင်းကို Mask နဲ့ ရေသန့်ဘူးတွေ သွားရောက်လှူဒါန်းခဲ့တဲ့ ဖြိုးမြတ်အောင်”

Myanmar Idol Season (3)ရဲ့ Winner ဆုရှင် အဆိုတော် ဖြိုးမြတ်အောင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အဆိုပြိုင်ပွဲမှာ သူ့ရဲ့ အနုပညာ ဂီတအပေါ်ထားတဲ့ ရူးသွပ်မှုနဲ့ စီးမျောနိုင်အောင် သီဆိုနိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုတွေကို ရရှိခဲ့ပြီး အခွေထုတ်ခဲ့စဉ်မှာလည်း ရောင်းအားအကောင်းဆုံး နေရာတွေကို ရရှိပိုင်ဆိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်.။

ဖြိုးမြတ်အောင်ဟာ အောင်မြင်နေတဲ့ အဆိုတော် တစ်ဦးဖြစ်နေပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ သူပဲဖြစ်ပါတယ်…။ ဝေဖန်မှုတွေကို မမှုဘဲ သူလုပ်စရာရှိတဲ့ အလုပ်တွေကိုပဲ လုပ်ကိုင်ကာ နေတတ်သူ ဖြိုးမြတ်အောင်ကတော့ ဒီနေ့ ဧပြီလ (၂၅)ရက်နေ့မှာတော့ စစ်ကုန်းကျေးရွာ၊ ကရုဏာလုလင် ပရဟိတအဖွဲ့ ဟင်္သာတ ကြက်ခြေနီများအသင်းကို ရေသန့်ဘူးနဲ့ Mask တွေကို ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်..။

ကိုယ်တိုင် သွားရောက်ကာ လိုအပ်နေတဲ့ နေရာအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ တကယ့်ကို လေးစားဖို့ကောင်းတဲ့သူပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ဖြိုးမြတ်အောင်ရဲ့ အလှူအတွက် သာဓုခေါ်ဆို သွားကြပါဦးနော်..။
Source: Phyo Myat Aung @ AG Ni Fan Club – Official

Sakura(Cele Connections)

error: Alert: Content is protected !!